ကြက်ဥအကာ ဟာ ချွေးပေါက်ကျယ်တွေထဲမှာ ခိုအောင်းနေတတ်သော ဘတ်တီးရီးယားများကို ဖယ်ရှားပေးပြီး အသားအရေ အဆီပြန်ကာ စေးကပ်ကပ်ဖြစ်ခြင်း၊ ဝက်ခြံပေါက်ခြင်းတို့မှ ကာကွယ်ပေးပြီး နေလောင်ဒဏ်မှလည်း ကာကွယ်ပေးနိုင်ပါတယ်။

မိမိအသားအရေ ညစ်ထေးနေလို့ စိတ်ညစ်နေရတဲ့သူတို့အတွက် ကြက်ဥအကာက အသုံးအဝင်ဆုံး ဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါတယ်။

ကြက်ဥအကာဖြင့် ပေါင်းတင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။

နည်းလမ်း (၁)

ကြက်ဥအကာ ၁ လုံး၊ ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဝက်နှင့် သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။ ပါဝင်ပစ္စည်းများကို သမအောင် ရောမွှေပြီးနောက် မျက်နှာပေါ် သုတ်လိမ်းလိုက်ပါ။ ထို့နောက် ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ပေါင်းတင်ပါ။

သတ်မှတ်ချိန်ပြည့်ပါက ကြက်သီးနွေးရေနွေးဖြင့် မျက်နှာသစ်ပြီး မျက်နှာကို စက်ဝိုင်းပုံသဏ္ဍာန် နှိပ်နယ်ပေးပါ။ သင့်အသားအရေက ကလေးငယ်တစ်ယောက်ရဲ့အသားအရေလေးလို နူးညံ့သွားမှာဖြစ်ပါတယ်။

ဒီပေါင်းတင်နည်းသည် အသားအရေ ပျက်စီးနေသာသူများ၊ အမာရွတ်ကျန်နေခဲ့သောသူများ၊ ဝက်ခြံပေါက်သူများအတွက် အသုံးတည့်ပါတယ်။

နည်းလမ်း (၂)

ကြက်ဥအကာ ၁ လုံး၊ လိမ္မော်ရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ကို သမအောင် မွှေလိုက်ပါ။ ထို့နောက် မျက်နှာပေါ် သုတ်လိမ်းပြီးနောက် ၁၅ မိနစ်ခန့် ပေါင်းတင်ထားလိုက်ပါ။ သတ်မှတ်ချိန်ပြည့်ပြီဆိုရင်တော့ ကြက်သီးနွေးရေနွေးဖြင့် မျက်နှာသစ်ပေးလိုက်ပါ။

ဒီပေါင်းတင်နည်းလေးကတော့ အသားအရေ ဝင်းပချင်သူများ၊ အမဲစက်ရှိသူများနှင့် အသားအရေ မညီမညာဖြစ်သူများအတွက် အသုံးတည့်ပါတယ်။

နည်းလမ်း (၃)

ဒီပေါင်းတင်နည်း ပြုလုပ်ဖို့ရန်အတွက် ကြက်ဥအကာ ၁ လုံး၊ ထောပတ်သီးမှည့် ၄ ပုံ ၁ ပုံနှင့် ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။ ပါဝင်ပစ္စည်းများအားလုံးကို သမအောင် မွှေလိုက်ပါ။ ထို့နောက် မျက်နှာပေါ် သုတ်လိမ်းပြီး ၁၅ မိနစ်ခန့် ပေါင်းတင်ထားပါ။ သတ်မှတ်ချိန်ပြည့်ပါက ကြက်သီးနွေးရေနွေးဖြင့် မျက်နှာသစ်ပေးလိုက်ပါ။

ဒီပေါင်းတင်နည်းကတော့ မျက်နှာအသားအရေကို အစိုဓာတ်ထိန်းချင်သူများ၊ အသားအရေ ငယ်ရွယ်နုပျိုချင်သူများအတွက် အသုံးတည့်ပါတယ်။