တချို့မိန်းကလေးတွေက အရောင်တောက်တာကိုမှ ကြိုက်သလို တချို့ကျတော့လည်း အရောင်မှိန်မှိန်လေး သဘောကျပြီး လူကြားထဲ လူသတိပြုမိတာကို သိပ်မကြိုက်ကြပါဘူး။ ဒါ့အပြင် အရောင်အလင်း အမှိန်က ကိုယ့်မျက်နှာ အသားအရောင်နဲ့လည်း ဆက်စပ်နေပါတယ်။ ကိုယ့်မျက်နှာ Tone က အရောင် အမှိန်နဲ့မှ ပိုလင်းသွားတာမျိုး၊ အရောင်လင်းတာဆိုရင် ကိုယ့်အသား ပိုညိုသွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ မြန်မာဝတ်စုံ ဒီဇိုင်းတွေထဲမှာမှ အရောင် သိပ်မလင်းတဲ့ အရောင် ပြေပြေလေးတွေ၊ မှိန်မှိန်လေးတွေကို ဖော်ပြပါရစေ။

ဒီပုံတွေထဲက မြန်မာ မိန်းကလေးတွေကတော့ အရောင် အဖျော့လေးတွေနဲ့ အသားအရေ လင်းကာ လှနေတာကို သင်တွေ့ရမှာပါ။ သင်က အရောင်လင်းလွန်းတာ မကြိုက်ရင် သူတို့ရဲ့ မြန်မာဝတ်စုံ ဒီဇိုင်းတွေကို နမူနာယူကာ အရောင်ရွေးနိုင်ပါတယ်။ ဒီတော့ အရောင်မတောက်ဘဲ လှနေတဲ့ မြန်မာ ဝတ်စုံ ဒီဇိုင်းတွေကို ကြည့်လိုက်ရအောင်နော်-

အညိုလေးက မြန်မာမိန်းကလေး အများစုနဲ့ လိုက်ဖက်ပါတယ်။ သင့်အသားအရေကို ပိုတောက်သွားစေဖို့ အညို ဖျော့ဖျော့ မြန်မာဝတ်စုံလေးက ပံ့ပိုးပေးပါလိမ့်မယ်။

အပေါ်က ဇာအပါး အရောင်ညိုလေးနဲ့ ဖုံးထားတဲ့ မြန်မာဝတ်စုံဒီဇိုင်းလေးကို ပျိုမေအများစု အချုပ်များကြပါတယ်။

အစိမ်းပုတ်ရောင်လေးက အရောင်သိပ်လင်းတာမျိုး မဟုတ်တာကြောင့် လင်းလင်းကြီး မကြိုက်ရင် ဒီပုံစံလေးကို ရွေးချယ်သင့်ပါတယ်။

Pastel Color နဲ့ အောက်ထဘီကို အရောင်ပိုရင့်တာလေး ရွေးချယ်ထားတာက Creative ဖြစ်လှပါတယ်။

ပန်းရောင် အဖျော့လေးတွေက ပျိုမေအများစုနဲ့ လိုက်ဖက်ပြီး နတ်သမီးတစ်ပါးလို လှနေစေပါလိမ့်မယ်။

လူကြီးဆန်ဆန် အိန္ဒြေရှိရှိ လှချင်တဲ့ ပျိုမေတို့အနေနဲ့ ဒီ ဒီဇိုင်းလေးကို နမူနာ ယူနိုင်ပါတယ်။

ခဲရောင်အဖျော့လေးကို အရောင်တောက်တာ မနှစ်သက်တဲ့ ပျိုမေတို့ သဘောကျကြမှာပါ။

အုတ်ရောင်လေးက အရောင်သိပ်မတောက်တဲ့အပြင် ပုံထဲက မြန်မာမိန်းကလေးရဲ့ မြန်မာဝတ်စုံ စတိုင်ကို ပျိုမေ အများစု နှစ်သက်မှာပါ။

အရောင်အညိုလေးကိုမှ အင်္ကျီလက်ပြတ်လေး နှစ်သက်ရင် ပုံထဲကလို နမူနာယူပြီး ချုပ်ဝတ်နိုင်ပါတယ်။

ချစ်ဖို့ကောင်းကာ ပန်းရောင် အဖျော့ မြန်မာဝတ်စုံ ဒီဇိုင်းလေး ဖြစ်ပါတယ်။

မော်ဒယ် Sandarlin Yang Yang ရဲ့ ဝမ်းဆက်စတိုင်လေးက ပေါ့ပေါ့ပါးပါးရှိကာ ထသွားထလာ ဝတ်နိုင်မယ့် ဝတ်စုံဒီဇိုင်းလေးပါ။

သင်က ပန်းရောင် နှစ်သက်ရင် ဒီ ဒီဇိုင်းလေး ချုပ်ကြည့်သင့်ပါတယ်။ ပန်းရောင်နဲ့ လိုက်ဖက်တဲ့ မိန်းကလေးတစ်ယောက်ဆိုရင် ဒီစတိုင်လေးက အလိုက်ဖက်ဆုံး ဖြစ်နေပါလိမ့်မယ်။

Photo Source is from Pinterest!

We don’t own these photos. Photos credit to original uploader!

By MyStyle Myanmar