အခုလို အိမ်ကနေ အလုပ်လုပ်နေကြချိန်ဟာ အချိန်ပိုင်းအပိုဝင်ငွေရှာဖို့အတွက် အခွင့်အလမ်းကောင်းတစ်ခုပါပဲ။ အလုပ်ရဲ့ လိုအပ်ချက်နဲ့ သင့်ရဲ့ ကျွမ်းကျင်မှုပေါ်လိုက်ပြီး အားလပ်ချိန်မှာ အပိုဝင်ငွေရှာနိုင်တဲ့နှုန်းကလည်း အပြောင်းအလဲရှိပါတယ်။

ဒီတစ်ခေါက်မှာတော့ ကမ္ဘာတလွှားက ဝင်ငွေမြင့်မားကြတဲ့ အချိန်ပိုင်းအလုပ်လေးတွေအကြောင်း ပြောချင်ပါတယ်။

(၁) တစ်ပတ်ရစ်ရောင်းတာ

ကိုယ့်ဆီမှာ ရှိပြီး အသုံးမလိုတဲ့ အိမ်သုံးပရိဘောဂနဲ့ အိမ်သုံးပစ္စည်းတွေ ၊ စုဆောင်းထားတဲ့ အဖိုးတန်ပစ္စည်းတွေကို ရောင်းပြီး ငွေရှာနိုင်ပါတယ်။ ဝယ်သူအကြိုက်နဲ့ ကိုယ့်ပစ္စည်းရဲ့ ရှားပါးအဖိုးတန်မှုပေါ်လိုက်ပြီး အမှိုက်ထဲက ရွှေကျင်နိုင်တဲ့အလုပ်ဖြစ်ပါတယ်။ ဝန်ထမ်းအလုပ်မဟုတ်လို့ စိတ်ဖိစီးစရာ ၊ ဝန်ပိစရာလည်း ရှိမှာ မဟုတ်ပါဘူး။

(၂) လုပ်ငန်းငယ်လေးတွေရဲ့ Social Media ပိုင်း ကိုင်တာ

Digital Marketing ပိုင်း နားလည်တတ်ကျွမ်းရင် Social Media Manager တစ်ယောက်အနေနဲ့ အလွတ်တန်း ရပ်တည်နိုင်ပါတယ်။

ပုံမှန်ဝန်ထမ်းတွေလို ရုံးတက်စရာမလိုဘဲ ကိုယ်ရောက်ရာနေရာကနေ ကိုယ့်ကိုင်ထားတဲ့ လုပ်ငန်းတွေရဲ့ Facebook ၊ Instagram ၊ Snapchat နဲ့ Twitter Social Media ပလက်ဖောင်းတွေကို စီမံခန့်ခွဲတာမျိုး လုပ်ရမှာပါ။

(၃) အွန်လိုင်းကနေ စာသင်တာ

အခုနောက်ပိုင်းမှာ Page Groups တွေ ၊ Zoom / Google Meets/ Microsoft Teams တို့လို Video Conferencing ပလက်ဖောင်းတွေပေါ်ကနေ အဖွဲ့လိုက်စာသင်ပေးကြတဲ့ Tutors အလုပ်တွေလည်း ခေတ်စားနေကြပါတယ်။

ကိုယ့်မှာ အွန်လိုင်းပေါ်ကနေ တခြားသူကို ပြန်သင်ပေးလို့ရတဲ့ ဘာသာစကား ၊ အရေးအသား ၊ Programming ၊ အချက်အပြုတ် ၊ စီမံခန့်ခွဲခြင်းနဲ့ တခြား Skills တွေ ရှိရင် ဒီနည်းနဲ့ ဝင်ငွေတိုးအောင်လည်း လုပ်နိုင်ပါတယ်။

(၄) Food Truck ဖွင့်တာ

အစားအသောက်တွေ လည်ရောင်းတဲ့ Food Track ကတော့ အရင်းအနှီးများပါတယ်။ ဒါပေမယ့်လည်း ဈေးကွက်ကောင်းပြီး စီးပွားရေးဖြစ်လွယ်ပါတယ်။ စားသုံးသူတွေ ရှိရာကို အရောက်သွားနိုင်တဲ့ အားသာချက် ရှိပြီး ဝယ်ယူစားသောက်ဖို့ ပိုပြီး လွယ်ကူအဆင်ပြေလို့ အားပေးမှုရလွယ်ပါတယ်။ စားသုံးသူအကြိုက်နဲ့ ‌ကာလဒေသကြည့်ပြီး ရောင်းတတ်ရင် အဆင်ပြေမယ့်လုပ်ငန်းမျိုး ဖြစ်ပါတယ်။