မိဘတော်တော်များများ သူတို့ရဲ့ကလေးတွေကို တော်စေထက်စေချင်ကြပါတယ်။ ကလေးတွေကိုပြုစုပျိုးထောင်တဲ့နေရာမှာ မှားယွင်းမှုတွေ မရှိစေဖို့ ကိုလည်း အထူးဂရုစိုက်ဖို့လိုမှာပါ။ ဒါကြောင့် ဒီတခေါက်မှာတော့ မိဘတိုင်းသတိထားသင့်တဲ့ ကောင်းတယ်လို့ ယူဆထားကြတဲ့ ကလေးဆုံးမပုံ ဆုံးမနည်းတွေကို ဖော်ပြပေးလိုက်ပါ။

တစ်ချို့မိသားစုတွေဟာ သူတို့ရဲ့ကလေးတွေကို ဘာမဆိုလုပ်နိုင်တယ်ဆိုတဲ့ အသိတွေထည့်ပေးထားကြပါတယ်။ ဒီလိုကလေးတွေက ဘဝမှာ အောင်မြင်သွားတာ များပါတယ်။ ဒါပေမယ့် ကလေးတွေကို သူတို့ကိုယ်တိုင် ဘာမဆိုလုပ်နိုင်တယ်ဆိုတဲ့ အသိလေးတွေ ပိုပြီးအရေးကြီးပါတယ်။

(၁) အကုန်လုံးက အစပိုင်းမှာခက်ခဲတယ်

Photo : Sittercity

အကယ်၍ ကလေးက ဝါသနာပါရာ တခုခုစလုပ်ပြီဆိုရင် သူတို့ကို အားပေးထောက်ခံမူတွေ ပေးသင့်ပါတယ်။ တခုခု အမှားလုပ်မိတာဖြစ်ဖြစ် အခက်အခဲတွေ ကြုံရတာဖြစ်ဖြစ် မိဘတွေ မောင်နှမတွေအနေနဲ့ အစပိုင်းမှာ အားလုံးက ခက်ခဲတတ်ကြောင်း ဆုံးမသွန်သင်ပေးသင့်ပါတယ်။

(၂) ရှုပ်ရှုပ်ပွပွနေတာကို လက်ခံပေးရမယ်

Photo : 123RF.com

ကလေးတွေက အမြဲတမ်းလိုလို ကမောက်ကမ နိုင်တာတွေလုပ်တတ်ကြပါတယ်။ ပညာရှိတဲ့ မိဘတွေက ဒါကို အနှောက်အယှက်တခုလို့ မရှု့မြင် ကြပါဘူး။ မိဘတွေက ကလေးတွေဟာ မသိတတ်သေးတဲ့အရွယ်ဖြစ်တာကြောင့် ရှုပ်ရှုပ်ပွပွနေတာ ပစ္စည်းတွေဖွတာ အစရှိတဲ့ အရာတွေအပေါ် နားလည် ပေးကြတယ်။ ကလေးတွေကို နေချင်သလိုနေခိုင်းပြီး သန့်ရှင်းသပ်ရပ်မှုရဲ့ အရေးကြီးတဲ့အကြောင်းတွေကို ဆုံးမလေ့ရှိကြပါတယ်။

(၃) စွမ်းအင်တွေက တဖြည်းဖြည်းကုန်းခန်းသွားတတ်တယ်

Photo : Healthline

တစ်ချို့မိဘတွေကို သူတို့ကလေးတွေကို “ဟိုအပေါ်မတတ်နဲ့၊ ဒါကိုမထိနဲ့၊ ငြိမ်ငြိမ်လေးနေ” စသဖြင့် တစ်နေကုန် လိုက်ပြီးပြောနေတတ်ကြပါတယ်။ ပညာရှိတဲ့ မိဘတွေကတော့ သူတို့ကလေးတွေ ငယ်ရွယ်တုန်းမှာ လုပ်ချင်တာကို လုပ်ခွင့်ပေးတတ်ကြတယ်။ ဒီလိုကလေးတွေဟာ အချိန်တန် အရွယ်ရောက်လာတဲ့အချိန်မှာ မိမိကိုယ်ကို ယုံကြည်မှုရှိပြီး အခက်အခဲတွေကို ကိုယ်တိုင်ဖြေရှင်းလာတတ်ကြပါတယ်။

(၄) လွတ်လပ်မှု

Photo : Pinterest

တီထွင်ဉာဏ်ရှိတဲ့ ကလေးတွေတော်တော်များများဟာ လွတ်လပ်ခွင့်တွေ အများကြီးရှိတဲ့ကလေးတွေဖြစ်တာများပါတယ်။ သူတို့မိဘတွေက ကလေးတွေ နံရံပေါ်မှာ ပုံတွေဆွဲတာကို စိတ်မဆိုးတဲ့အပြင် ကလေးတွေက အနာဂက်မှာ အနုပညာရှင်တစ်ယောက်ဖြစ်လာနိုင်တယ်လို့တောင် မြင်တတ်ကြပါတယ်။ ဒါပေမယ့်လည်း ကလေးတွေကျော်လာလို့မရတဲ့ စည်းဆိုတာရှိပါတယ်။ ဒါကတော့ မိသားစုဝင်တွေကို မလေးမစားလုပ်ခြင်းပါပဲ။ မိဘတွေကို နှုတ်အား ဖြင့်သော်လည်းကောင်း အမူအရာအားဖြင့်သော်လည်းကောင်း စော်ကားလာပြီဆိုရင် ဒဏ်ပေးတဲ့စနစ်ကို ကျင့်သုံးသင့်ပါတယ်။

(၅) မိမိကိုယ်ကိုထိန်းချုပ်ခြင်း

Photo : Apartment Therapy

ကလေးတွေဆီကနေ တခုခုကိုပြန်ယူပြီး အပြစ်ပေးခြင်းအစား မှန်ကန်တဲ့လုပ်ရပ်တွေအတွက် ဆုပေးတဲ့စနစ်ကိုကျင့်သုံးသင့်ပါတယ်။ ဒါဆိုရင် ကလေးတွေက မှန်ကန်တဲ့လုပ်ရပ်တွေကို မိမိဘာသာ စဉ်းစားပြီး လုပ်လာကြပါလိမ့်မယ်။