ချွေးပေါက်တွေကျယ်ရင် အဆီပိုပြန်ပါတယ်။ ဒါ့အပြင် မိတ်ကပ်လိမ်းရင်လည်း ချွေးပေါက်ကျယ်တော့ အဆီပြန်ပြီး ခဏလေးနဲ့ မိတ်ကပ်ကွက်တာမျိုး၊ မိတ်ကပ်စင်အောင် မဖျက်တဲ့အခါ ဝက်ခြံပေါက်တာမျိုးတွေ ခဏခဏဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ချွေးပေါက်ကျယ်နေရင် ချွေးပေါက်ကျဉ်းစေမယ့် Product တွေ Skincare တွေကို ရွေးပြီးသုံးပေးသင့်ပါတယ်။

အိမ်မှာပဲ ပုံမှန်လေးပေါင်းတင်ပြီး ချွေးပေါက်ကျဉ်းအောင် လုပ်ချင်တဲ့သူတွေအတွက်ကတော့ သင်္ဘောသီးကိုသုံးပြီး ချွေးပေါက်တွေကျဉ်းသွားအောင် ကုသနိုင်မယ့်နည်းလမ်းကောင်းလေးကို မျှဝေပေးလိုက်ပါတယ်။

Photo Source: www.pinterest.com

လုပ်ရမယ့်ပုံစံကတော့ သင်္ဘောသီးအမှည့်ကို အခွံခွာ၊ အစေ့တွေဖယ်ပြီး အသားတွေကိုယူကာ ပန်းကန်ထဲထည့်ချေပါ။ သေချာကျေညက်အောင်ချေပြီးရင် မျက်နှာမှာ အနှံ့သုတ်လိမ်းပြီး မိနစ် ၂၀ ထားရပါမယ်။ အချိန်ပြည့်ရင် မျက်နှာသစ်ပြီး ကိုယ်လိမ်းနေကျ Skincare တွေ လိမ်းပေးပါ။ မျက်နှာသစ်ရင် ရေနဲ့ပဲသစ်လို့လည်းရသလို၊ မျက်နှာသစ်ဆေးသုံးပြီး သစ်လို့လည်းရပါတယ်။

Photo Source: www.wikihow.com

နေ့တိုင်းလုပ်ပေးမယ်ဆိုရင် မျက်နှာမှာရှိတဲ့ အညစ်အကြေးတွေပါ ဖယ်ရှားပေးတဲ့အပြင် ချွေးပေါက်တွေလည်း ကျဉ်းလာပါလိမ့်မယ်။