Cute type တွေထက် အထာကျကျဝတ်ရတာကို ပိုသဘောကျတဲ့ မိန်းကလေးတွေအတွက် ဘယ်တော့မှရိုးမသွားပဲ အထာကျပြီးမိုက်နေစေမယ့် ဘောင်းဘီဖက်ရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒီလိုဘောင်းဘီရှည်တွေကို crop top လက်ပြတ်လေးတွေနဲ့ တွဲဝတ်လိုက်ရင် ရှင်းရှင်းလေးနဲ့ မိုက်ပါတယ်။ အထာကျပြီးဖက်ရှင်ကျချင်ရင်တော့ လွယ်ပါတယ်။ အခုခေတ်စားနေတဲ့ နေကာမျက်မှန်လေးတွေနဲ့ ရှိုးထုတ်နိုင်ပါတယ်။

ဒီလိုဘောင်းဘီတွေကို ရင်ပြတ် top လေးတွေနဲ့တွဲဝတ်ပြီး အပေါ်ကနေ ရှပ်အင်္ကျီအပွလေးတွေထပ်ဝတ်၊ sneakers လေးစီးလိုက်ရင် ဖက်ရှင်ကျပြီး မိုက်သွားစေပါတယ်။

အထာကျကျနဲ့မိုက်တဲ့ top လေးတွေကို သင်ကြိုက်တဲ့ ဘောင်းဘီရှည်နဲ့သာ တွဲဝတ်ပြီး sneakers လေးစီး၊ နေကာမျက်မှန်လေးတပ်လိုက်ပါ။ ဖက်ရှင်ကျပြီး မိုက်နေမှာ သေချာပါတယ်။

ဒီလို nude color ဘောင်းဘီအရှည်ကို ရှပ်အင်္ကျီအဖြူနဲ့ ဒါမျိုးလေးတွဲဝတ်ရင် ဖက်ရှင်ကျပြီး အရမ်းမိုက်ပါတယ်။

ရှပ်အင်္ကျီအပွတွေကို ဘောင်းဘီအတိုအမဲ (သို့) leather ဘောင်းဘီတိုနဲ့ ဒီလိုလေးတွဲဝတ်ပြီး အထာကျကျနဲ့ ရှိုးထုတ်နိုင်ပါတယ်။

ရှပ်အင်္ကျီနဲ့ဘောင်းဘီရှည်ကို ဒီလိုအရောင်တူတာ အနုအရင့်တွဲပြီးဝတ်တာလည်း ဖက်ရှင်ကျပြီး မိုက်ပါတယ်။ ဝတ်ရတာလည်း ပေါ့ပါးမှုရှိစေမှာပါ။

တီရှပ်အပွကို skinny jeans အပြဲနဲ့တွဲဝတ်ပြီး ဒေါက်ဖိနပ်စီးလိုက်ရင်တော့ အထာကျပြီး အရမ်းမိုက်တဲ့ look မျိုး ရစေပါတယ်။

Skinny jeans အပြဲလေးတွေဝတ်ရင် ဒီလိုဖက်ရှင်မျိုးလေးဝတ်တာက လွတ်လပ်ပေါ့ပါးတဲ့ပုံစံလေးနဲ့ လူငယ်ဆန်စေပါတယ်။

Photo source:www.pinterest.com