ဘဝမှာ အချစ်ရေးကြောင့်ပဲဖြစ်ဖြစ်၊ တခြားအကြောင်းအရာတွေကြောင့်ပဲဖြစ်ဖြစ် ပြင်းပြင်းထန်ထန် နာကျင်ဖူးတဲ့အခါမှာတော့ သူ့တို့ရဲ့စိတ်တွေ၊ အတွေးအခေါ်တွေအားလုံးဟာ အရင်နဲ့လုံးဝမတူတော့အောင်ကို ပြောင်းလဲသွားပါတယ်။ ဒီလိုနာကျင်ဖူးတဲ့မိန်းကလေးတစ်ယောက် ရင့်ကျက်သွားတဲ့အခါမှာတော့ ဘာတွေပြောင်းလဲသွားလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

ဘဝမှာ အရေးကြီးတာနဲ့ အရေးမကြီးတာတွေကို ကွဲကွဲပြားပြားသိလာပြီး ကိုယ့်ဘဝကို အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားဖို့ ရည်မှန်းချက်တွေ မြင့်တက်လာပါတယ်။ အောင်မြင်ချင်စိတ်တွေ၊ ကိုယ့်အားကိုယ်ကိုးချင်စိတ်တွေ ဖြစ်လာပါလိမ့်မယ်။ ဘဝမှာ ကိုယ့်ကိုယ်ကိုသာ အားကိုးရာဖြစ်တယ်လို့ ထင်လာပြီး စိတ်ဓာတ်တွေကြံ့ခိုင်လာပါလိမ့်မယ်။

လူတစ်ယောက်ပေါ်မှာလည်း လွယ်လွယ်နဲ့သံယောဇဉ်မထားတတ်တော့ပဲ သွေးအေးလာပါလိမ့်မယ်။ ဒေါသထွက်စရာ၊ စိတ်ရှုပ်စရာတွေနဲ့ ကြုံတွေ့လာခဲ့ရင်တောင် အရင်လို စိတ်လိုက်မာန်ပါနဲ့ ဒေါသမဖြစ်ပဲ ကိုယ့်စိတ်ခံစားချက်ကို ထိန်းချုပ်တတ်လာပါလိမ့်မယ်။

ကိုယ့်အပေါ်မကောင်းတဲ့သူတွေကို လွယ်လွယ်နဲ့စွန့်လွှတ်တတ်ပြီး၊ ကိုယ့်အပေါ်ချစ်တဲ့သူ၊ ကောင်းတဲ့သူတွေနဲ့ ကိုယ့်မိသားစုတွေကိုပဲ အရင်ထက်ပိုတန်ဖိုးထားပြီး အလေးပေးတတ်လာပါလိမ့်မယ်။ လူတိုင်းအပေါ်မှာလည်း ကိုယ်ချင်းစာတတ်လာပါလိမ့်မယ်။

အချစ်ကိစ္စကိုစိတ်မဝင်စားတော့ပဲ တစ်ယောက်ထဲနေရတာကို ပိုကြိုက်လာပါတယ်။ ဘယ်လောက်ပဲချစ်ပါတယ်လို့ လာပြောပြော ဂရုမစိုက်တတ်တော့ပါဘူး။ လွယ်လွယ်နဲ့လည်း ပြန်မချစ်တတ်တော့ပါဘူး။ သူများထက် ကိုယ့်ကိုယ်ကိုပဲ ပိုပြီးချစ်လာပါလိမ့်မယ်။

အရင်ကလို လူတွေအများကြီးနဲ့နေရတာ၊ လျှောက်သွားရတာတွေကို မကြိုက်တော့ပဲ တစ်ယောက်ထဲပဲနေချင်လာမယ်။ အားလပ်ရက်တွေမှာလည်း အရင်လိုအပေါင်းအသင်းနဲ့ လျှောက်သွားမယ့်အစား စာအုပ်လေးဖတ်တာမျိုး၊ အိမ်မှာဖုန်းသုံးနေရတာမျိုး၊ ရုပ်ရှင်ကြည့်တာမျိုးတွေပဲ လုပ်ချင်လာပါလိမ့်မယ်။

ဒီလိုအချက်တွေတော်တော်များများနဲ့ တိုက်ဆိုင်နေပြီဆိုရင်တော့ ဘဝမှာတစ်ခုခုကိုခံစားခဲ့ရလို့ ရင့်ကျက်လာတာပဲ ဖြစ်ပါတယ်။

Photo Source: www.pexels.com