ခု 2024 မှာ bootcut၊ baggy နဲ့ wide-leg jeans တွေက နောက်တစ်ခေါက် ခေတ်စားလာပြန်ပါပြီ။ ဒီလို Trend ဖြစ်လာတဲ့ Wide Leg Jeans တွေကို စတိုင်လ်ကျကျဖြစ်အောင် ဝတ်ရအောင် Outfit Ideas တချို့ကို ဝေမျှပေးလိုက်ပါတယ်။

1. Fancy Top

ဖက်ရှင်ကျကျဝတ်ရတာကြိုက်ရင်တော့ လက်ရှိ Trend ဖြစ်နေတဲ့ Top တွေနဲ့ တွဲဝတ်လိုက်ပါ။

2. Fitted Tank Top

ပူတဲ့အချိန် နွေရာသီဆို ပေါ့ပေါ့ပါးပါးဖြစ်အောင် အပေါ်က ဒီလို Tank Top လေးနဲ့ တွဲဝတ်ဖို့ အကြံပေးချင်ပါတယ်။

3. Blazer

အေးတဲ့အချိန်ဆိုရင်တော့ နွေးနွေးထွေးထွေးနေဖို့ Blazer နဲ့ တွဲဝတ်လို့လည်း အဆင်ပြေပါတယ်။

4. Chunky Sweater

ဆောင်းရာသီမှာ ပေါ့ပေါ့ပါးပါး သက်တောင့်သက်သာ ဖြစ်အောင် ဆိုဒ်ကြီးတဲ့ ချည်ထိုးဆွယ်တာအင်္ကျီနဲ့ စတိုင်လ်ကျလို့ရပါတယ်။

5. Graphic or Basic Tee

တီရှပ်နဲ့ ဘောင်းဘီရှည်ကတော့ ဘယ်တော့မှမရိုးတဲ့ ဖက်ရှင်ပါပဲ။

6. Blouse Top

မိန်းကလေးဆန်တဲ့ Look မျိုးလိုချင်ရင်တော့ ဒီလို Blouse Top နဲ့ တွဲဝတ်လို့ရပါတယ်။

7. Button-Up Shirt

ရိုးရိုးကြယ်သီးအင်္ကျီနဲ့ တွဲဝတ်ပြီး ခါးပတ်ပတ်လိုက်ရင် ပေါ့ပေါ့ပါးပါးနဲ့ စတိုင်လ်ကျနေတဲ့ စတိုင်လ်ကို ရနိုင်မှာပါ။

8. Shirt

ရုံးသွားတဲ့အခါ ဒီလို Shirt ရောင်စုံတွေနဲ့ တွဲဝတ်ပြီး စတိုင်ထုတ်လို့ရပါသေးတယ်။