Relationship တိုင်းမှာ ကိုယ့်ကိုယ်ကို လေးစာတတ်ဖို့က အရေးကြီးပါတယ်။ လူတွေက လေးစားမှု၊ ချစ်ခြင်းမေတ္တာ၊ ဆက်သွယ်မှု၊ ရင်းနှီးမှုတို့ကို မကြာခဏ ပြောဆိုလေ့ရှိကြပေမယ့် မိမိကိုယ်ကို လေးစာဖို့ကိုတော့ မေ့နေတတ်ကြပါတယ်။ Relationship တိုင်းမှာ အချိန်ကြာလာတာနဲ့အမျှ တချို့လူတွေဟာ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုတွေ အထင်ကြီး လေးစားမှုတွေ ပျောက်ဆုံးလာတတ်ပါတယ်။ ဒီလိုပျောက်ဆုံးလာတာက တချိန်ချိန်မှာ သင့်ရဲ့ Relationship တွေကို ထိခိုက်စေနိုင်တယ်ဆိုတာ သင်သိပါရဲ့လား?
ယုံကြည်မှုအားနည်းတာ
ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းလွန်းတာက တစ်ခါတလေ သင်လိုချင်တဲ့အရာကို တောင်းဆိုချင်တဲ့အခါ ၊ သင်မကြိုက်တဲ့အရာတွေကို ငြင်းချင်တဲ့အခါမျိုးတွေမှာ တောင်းဆိုဖို့ ငြင်းဖို့ ခွန်အားမရှိ ဖြစ်လာပါတယ်။
ယုံကြည်မှုလွန်ကဲတာ
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့အခါ သင်လိုချင်တဲ့အရာကို တောင်းဆိုချင်တဲ့အခါ ၊ သင်မကြိုက်တဲ့အရာတွေကို ငြင်းချင်တဲ့အခါမျိုးတွေမှာ ရဲရဲဝင့်ဝင့်နဲ့ တောင်းဆိုနိုင် ငြင်းပယ်နိုင် ပါတယ်။ ဒါပေမယ့် ယုံကြည်မှုအားနည်းတာက မကောင်းသလို ယုံကြည်မှုလွန်ကဲနေတာကလည်း Relationship အတွက် အဆင်ပြေမှာ မဟုတ်ပါဘူးနော်။
စိတ်ဖိစီးစေတာ
ကိုယ့်ကိုယ်ကို အထင်ကြီးလေးစားမှုအားနည်းတဲ့အခါ ကိုယ့်ကိုယ်ကို ကျေနပ်အားရမှုမရှိဘဲ အမြဲစိတ်ပူနေ စိတ်တိုနေရမှာပါ။ သင့်လက်တွဲဖော်နဲ့ သဘောထားကွဲလွဲမှုတွေ အငြင်းအခံတွေဖြစ်ကြတဲ့အခါ ပြဿနာတွေကို မရှင်းနိုင်တော့ဘဲ စိတ်ဖိစီးမှုတွေဖြစ်လာတတ်ပါတယ်။
အထင်သေးခံရတာ
ကိုယ့်ကိုယ်ကို လေးစားမှုမရှိရင် သင်ဟာ ကိုယ့်ကိုယ်ကို ကြင်နာမှုနဲ့ လေးလေးစားစား ဆက်ဆံခံရဖို့ ထိုက်တန်တယ်ဆိုတဲ့ ယုံကြည်ချက်ရှိမှာမဟုတ်တော့ပါဘူး။ ဒါဆို သင့်လက်တွဲဖော်နဲ့ တချို့တွေဆီကနေ နစ်နာစေတဲ့ အပြောအဆိုတွေ ၊ အပြုအမူတွေကို အမြဲသည်းခံနေရတော့မှာပါ။
ကိုယ့်ကိုယ်ကို အထင်ကြီးမှု လေးစားမှုမရှိတော့ရင် အလုပ်မှာဖြစ်ဖြစ်၊ Relationship မှာဘဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို နေရာပေးဖို့ အားနည်းချက်ကိုချပြဖို့ ကြောက်တတ်လာပြီး အရာမဝင်ဖြစ်လာမှာပါ။ ဒါဆို အချိန်ကြာလာတာနဲ့ အမျှ အလုပ်မှာကော Relationship မှာပါ သင့်အတွက် နေရာရှိမှာ မဟုတ်တော့ပါဘူး။