အလှအပအတွက် Beauty Saloon ကိုသွားဖို့ အချိန်ဘယ်လောက် ပေးကြပါသလဲ။ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို အလှအပအတွက် သီးသန့်ပေးစရာမလိုဘဲ အိမ်မှာပဲ အလှအပထိန်းသိမ်းလိုက်ရအောင်။

ချောမွတ်စိုပြေတဲ့ ခြေထောက်

ညဖက်မှာ Vaseline အဆီ (သို့) သံလွင်ဆီ နွေးနွေးကို လိမ်းပေးပါ။ ပြီးရင် ခြေအိတ်အဟောင်းတစ်စုံစွတ်ပြီးအိပ်ပါ။ ခြေထောက်အသားအရေစိုပြေပြီး အသားအရေခြောက်တာ ခြေထောက်ကွဲတာကို သက်သာစေပါတယ်။

မျက်တောင်ရှည်ဖို့

ကြက်ဆူဆီကို အိပ်ယာမဝင်ခင် မျက်တောင်မွှေးမှာလိမ်းပေးပါ။။ တစ်ပတ်လောက်ဆို သိသိသာသာ မျက်တောင်မွှေးရှည်လာပါလိမ့်မယ်။

သွားလေးတွေ ဖြူဖွေးဖို့

မုန့်ဖုတ်ဆိုဒါနဲ့ အိပ်ယာမဝင်ခင် သွားတိုက်ပါ။ သွားတွေဖြူဖွေးလာပါလိမ့်မယ်။

နူတ်ခမ်းသားနူးညံံ့ စိုပြေစေဖို့

သင်ကြိုက်နှစ်သက်နဲ့ နှုတ်ခမ်းနီအဆီ (သို့) အုန်းဆီ (သို့) သံလွင်ဆီ (သို့) ဗာဒံဆီ တစ်မျိုးမျိုးကို လိမ်းပြီး အိပ်ယာဝင်ပါ။

မျက်ကွင်းညိုတာပျောက်ဖို့

လက်ဖက်အိတ်ကို ရေနွေးနဲ့ စိမ်ပြီး အအေးခံပါ။ ပြီးရင် အိပ်ယာမဝင်ခင် မျက်လုံးပေါ်မှာ ကပ်ပေးပြီးအိပ်ပါ။

လက်သည်းခြေသည်းတွေ သန်မာစေဖို့

အုန်းဆီအနည်းငယ်ကိုအသုံးပြုပြီး လိမ်းပေးရမှာပါ။ ပြီးရင် လက်အိပ်ဝတ်ပြီးအိပ်ယာဝင်ပါ။

အသားအရေ စိုပြေစေဖို့

အသားအရေစိုပြေစေဖို့ Vitamin E အဆီကို လိမ်းပေးပြီး အိပ်ယာဝင်ပါ။ သံလွင်ဆီကို အစားထိုးလိမ်းပေးလို့လည်းရပါတယ်။

ဆံပင်ကောက်ချင်ရင်

မနက်ခင်းမှာ ဆံပင်ကောက်ချင်ရင်တော့ ခေါင်းလျှော်ပြီး ဆံပင်ကို ခြောက်အောင်သုတ်ကာ ကျစ်ဆံမြီးကျစ်လိုက်ပါ (သို့) ချည်လိုက်ပါ။ ပြီးရင်ဒီအတိုင်းအိပ်လိုက်ပါ။ မနက်မိုးလင်းလို့ မှန်ကြည့်ရင်လန့်မသွားပါနဲ့ ဆံပင်ကို ဖြေချပြီး သပ်သပ်ရပ်ရပ်လုပ်ပါ။ လှသွားပါလိမ့်မယ်။

ဆံသားပျော့ပြောင်းနေစေဖို့

ညအိပ်ယာမဝင်ခင် ပေါင်းဆေး (သို့) ဆံပင်အတွက်အုန်းဆီ (သို့) အဆီတစ်မျိုးမျိူးလိမ်းပြီး တစ်ညလုံးအိပ်ပါ မနက်မိုးလင်းရင် ခေါင်းလျှော်ချလိုက်ပါ။