အသားအရေနဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်ရမယ်ဆိုတာ ကျွန်မတို့ အားလုံး နားလည်ကြပါတယ်။ ညဖက်မှာ သင့်ခန္ဓာကိုယ်က ဆဲလ်သစ်တွေ ထုတ်ပေးတာကြောင့် ညအိပ်ယာမဝင်ခင် အလှပထိန်းသိမ်းတာဟာ အကောင်းဆုံးပါပဲ။

ညအိပ်ယာမဝင်ခင် ဒါလေးတွေလုပ်ပေးလိုက်ရုံနဲ့ နောက်နေ့တွေမှာ ပိုပိုလှသွားစေမယ့် နည်းလမ်းကောင်းကို မျှဝေပေးချင်ပါတယ်။

၁။ အသားအရေအတွက်

ရှားစောင်းလက်ပက်နဲ့ အသားအရေ အမျိုးစားအလိုက် ဘယ်လိုပေါင်းတင်မလဲ

အရင်ဆုံး မျက်နှာသေချာသစ်ပါ။ ပြီးရင် ရှားစောင်းလက်ပပ် (သို့) ကိုယ်သုံးနေတဲ့ မျက်နှာ ပေါင်းတင်တဲ့ခရင်မ် လိမ်းပေးပါ။ (သို့) Mask ကပ်ပေးလို့ရပါတယ်။ ပြီးရင် ၁၅ မိနစ် (သို့) မိနစ် ၂၀ လောက်ထားပြီး ရေဆေးချလိုက်ပါ။

ပြီးသွားရင်တော့ ရေသေချာသုတ်ပေးပြီး Night Cream လေးလိမ်းပေးထားပါ။

၂။ ဆံကေသာအတွက်

ဆံကေသာ နူးညံ့ပျော့ပျောင်းပြီး သန်စွမ်းချင်သူတွေအတွက်ကတော့ ညအိပ်ယာမဝင် အုန်းဆီ လိမ်းပေးထားလိုက်ပါ။ အုန်းဆီလိမ်းပြီး ဦးရေပြားကို သေချာလေးနှိပ်နယ်ပေးပြီး အိပ်ယာဝင်ပါ။ ခေါင်းအုံးနဲ့ အိပ်ယာခင်းမှာ မပေအောင် Shower Cap (သို့) တစ်ခုခုနဲ့ ကာထားလိုက်ပါ။ မနက်မိုးလင်းလာရင် ခေါင်းလျှော်ချလိုက်ပါ။

၃။ နှုတ်ခမ်းသားအတွက်

နှုတ်ခမ်းသား နူးညံ့စိုပြေနေစေဖို့အတွက် ညအိပ်ယာမဝင်ခင် လုပ်ပေးနိုင်ပါတယ်။ နှုတ်ခမ်းက ခြောက်သွေ့ အက်ကွဲနေရင်တော့ ပျားရည် နဲ့ သကြားကို ရောပြီး နှုတ်ခမ်းပေါ်မှာ ၅ မိနစ်လောက် ပွတ်ပေးလိုက်ပါ။ ပြီးရင် ၁၅ မိနစ် မိနစ် ၂၀ လောက်ထားပြီး ရေဆေးချလိုက်ပါ။

အဲဒီနောက် နှုတ်ခမ်းအဆီ (သို့) အုန်းဆီ လိမ်းပေးပြီး အိပ်ယာဝင်ပါ။ မနက်ကျရင် နူးညံ့တဲ့ နှုတ်ခမ်းသားတစ်စုံ ရရှိပိုင်ဆိုင်စေမှာဖြစ်ပါတယ်။

၄။ အိပ်ယာခင်းကို ပေါင်ဒါဖြန်းပေးပါ

ညဖက် အနံ့သင်းသင်းလေးနဲ့ ကောင်းမွန်စွာအိပ်စက်နိုင်ဖို့ ပေါင်ဒါကို အပ်ယာပေါ်မှာ ဖြန်းပေးလိုက်ပါ။ သင့်ခန္ဓာကိုယ်က ကိုယ်သင်းရနံ့ကိုလည်း ကောင်းမွန်စေပြီး ချွေးစို၊ အဆီပြန်တာကိုလည်း သက်သာစေပါတယ်။

အိပ်ရေးဝစေမှာဖြစ်တာကြောင့် သင့်အသားအရေကို ပိုမိုကောင်းမွန်စေပါတယ်။