အရပ်ရှည်ပြီးပိန်ရင် ဘာဝတ်ဝတ်မလှဘူး မထင်ပါနဲ့။ ကိုယ့်ခန္ဓာကိုယ်အချိုးအစားက ဘယ်လိုပုံစံမျိုးပဲဖြစ်နေပါစေ ကိုယ်နဲ့လိုက်ဖက်တဲ့ဖက်ရှင်၊ ကိုယ့်ကိုပိုပြီးလှသွားစေတဲ့ ဖက်ရှင်တွေက အမြဲရှိပါတယ်။ အဓိကကတော့ ကိုယ်ကလိုက်ဖက်အောင် သေချာဝတ်တတ်ဖို့ပဲလိုတာပါ။ ဒါကြောင့် ဒီတစ်ခါမှာလည်း အရပ်ရှည်ပြီးပိန်တဲ့သူတွေအတွက် စတိုင်လ်ကျပြီးလှစေတဲ့ဖက်ရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

အရပ်ရှည်ပြီးပိန်ရင် ဘောင်းဘီတိုကို ကိုယ်ကျပ်လေးတွေနဲ့ တွဲဝတ်တာမျိုးနဲ့ လိုက်ပါတယ်။ Boots လေးတွေပါစီးရင်တော့ စတိုင်လ်ကျပြီး လှနေမှာပါ။

Leather ဘောင်းဘီတွေကလည်း အရပ်ရှည်ပြီး ပိန်တဲ့သူတွေဝတ်မှ အထာကျပြီးမိုက်နေတာပါ။

ကိုယ်ကျပ် Dress လေးတွေကိုဝတ်ပြီး Boots လေးတွေစီးတာမျိုးက အရပ်ရှည်ပြီး ပိန်တဲ့သူတွေနဲ့ဆို စတိုင်လ်ကျပြီး လှစေပါတယ်။

Crop Top အတိုလေးတွေ၊ ဘောင်းဘီအကျပ်လေးတွေ၊ အသားကပ်လေးတွေကလည်း အရပ်ရှည်ပြီး ပိန်တဲ့သူတွေဝတ်ရင် ချပ်ကပ်ပြီး အရမ်းလှပါတယ်။

အရပ်ရှည်ပြီး ပိန်တဲ့သူတွေဝတ်လိုက်ရင် စတိုင်လ်ကျပြီးလှနေစေတဲ့ နောက်ထပ်ဖက်ရှင်ကတော့ Style Pants လေးတွေဝတ်တာပါပဲ။

Bell Pant လို့ခေါ်တဲ့ ခေါင်းလောင်းဘောင်းဘီအကားကြီးတွေဆိုလည်း အရပ်ရှည်ပြီး ပိန်တဲ့သူတွေဝတ်ရင် စတိုင်လ်ကျပြီး မိုက်နေစေပါတယ်။