ပိန်တယ်လို့ ပြောရအောင်လည်း မပိန်လွန်း၊ ဝတယ်လို့ ပြောရအောင်လည်း မဝလွန်းတဲ့ ကြားနေ ကောင်မလေးတွေ ရှိပါတယ်။ ဒီလို ကောင်မလေးတွေက များသောအားဖြင့် လက်မောင်းပြည့်ပြည့်လေးနဲ့ ပါးဖောင်းဖောင်းလေး ဖြစ်လေ့ရှိပါတယ်။ တစ်ခါတလေ သူတို့မှာ ဗိုက်အဆီလည်း ရှိပါတယ်။ ပြောရရင် Moderate Lifestyle ကို ပိုင်ဆိုင်လေ့ရှိတဲ့ မိန်းကလေးတွေပါ။ ဒီလို မိန်းကလေးတွေအနေနဲ့ အဝတ်အစား ဝတ်တဲ့အခါ ပိန်တဲ့ မော်ဒယ်တွေရဲ့ ဖက်ရှင်အတိုင်း လိုက်ဝတ်ကြည့်မှ ကိုယ်နဲ့ သေးနေတာမျိုး၊ ကိုယ်ကပဲ ဝနေသလိုမျိုး ဖြစ်တတ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဒီလို ထပ်မဖြစ်ရလေအောင် ပိုချစ်စရာ ကောင်းသွားစေမယ့် ဖက်ရှင် ဝတ်ဆင်ပုံတွေကို ဖော်ပြပါရစေ။

ဗိုက်ချပ်တဲ့ရက်တွေမှာ

သင်က စားတာ မများတဲ့ နေ့တွေမှာ ဒီဖက်ရှင်ပုံစံကို ဝတ်နိုင်ပါတယ်။ ကိုယ့်ကို ပြည့်ပြည့်လေးနဲ့ ကျန်းမာတဲ့ ပုံစံလေး ပိုင်ဆိုင်စေပါလိမ့်မယ်။

ခါးအဆီမရှိဘဲ ကံကောင်းတဲ့သူတွေအတွက်

ဒီဖက်ရှင်ကတော့ မျက်နှာပြည့်ပေမယ့် ခါးအဆီ မရှိတဲ့ ကောင်မလေးတွေနဲ့ လိုက်ဖက်မှာပါ။ လက်မောင်းပြည့်ရင်တောင် အင်္ကျီလက်ပြတ် ဝတ်ဖို့ မကြောက်သင့်ပါဘူး။

လက်မောင်း ပုံစံ

လက်မောင်းနေရာ အဖက်ကလေးတွေ၊ ကြမ်းတဲ့ Texture ရှိတဲ့ အင်္ကျီပုံစံက မပိန်လွန်း မဝလွန်းတဲ့ ကောင်မလေးတွေကို ချစ်စရာကောင်းစေမှာပါ။

ဗိုက်အဆီ ရှိခဲ့ရင်

ဒီလို အလွှာလိုက်ပါတဲ့ အင်္ကျီလေးက ဗိုက်နေရာ အဆီရှိသူတွေ၊ ခါးကြီးတဲ့သူတွေကို ချစ်စရာ ကောင်းစေမှာပါ။

အသားရောင် ပိုလင်းသွားစေမယ့် စတိုင်

အရောင်လင်းလင်းလေးတွေက ခန္ဓာကိုယ် ပုံစံ ထင်ရှားတဲ့ ကောင်မလေးတွေကို ပိုလှစေပါတယ်။

ရင်ဘတ်အသင့်အတင့် ရှိတဲ့သူတွေအတွက်

ရင်ဘတ်နေရာ သူ့နေရာနဲ့သူ အနေတော်လေး ဆိုရင်တော့ ပုံပါ ဖက်ရှင်က ချစ်စရာကောင်းပါတယ်။

အပွလေးတွေက ပေါ့ပေါ့ပါးပါးနဲ့ ချစ်ဖို့ကောင်းတဲ့ စတိုင်ပါ

ခန္ဓာကိုယ်အကျပ်မဟုတ်တဲ့ အင်္ကျီအပွ စတိုင်က ကိုယ့်ခန္ဓာကိုယ်က အဆီအချို့ကို ဖျောက်ပေးနိုင်ပါတယ်။

သင်က Crop ဝတ်ချင်တယ်ဆိုရင် ခါးနေရာ ပိုသေးသွားစေဖို့ အပေါ်ထပ်လေးနဲ့ လှည့်စားနိုင်ပါတယ်။

ခန္ဓာကိုယ် အချိုးအဆစ် လှတဲ့ ကောင်မလေးတွေ အတွက်

အပေါ် ဆွယ်တာ ပေါ့ပေါ့ပါးပါးလေးက အောက်ဘောင်းဘီတိုနဲ့ အလိုက်ဖက်ဆုံးပါ။ ပေါင်တံသွယ်သွယ်လေးကို ပြရာလည်း ရောက်ပါတယ်။

အနက်ရောင်က သင့်ကို ပိုပိန်သွားစေတာကိုတော့ သင်သိပြီးသား ဖြစ်မှာပါ။

သင်က ဗိုက်အဆီရှိတဲ့ နေ့တွေမှာ Crop နဲ့ ဝတ်ရတဲ့အခါ အဆီမမြင်ရဖို့ ခန္ဓာကိုယ်ကို ဘယ်ညာ ကွေးပြီး ကစားသင့်ပါတယ်။

V ပုံစံဆင်းသွားတဲ့ Crop က သင့်ကို ခါးပိုသေးတယ် ထင်ရစေပါလိမ့်မယ်။

Photo Source: Pinterest

by MyStyle Myanmar