မင်္ဂလာပါနော်။ ကိုယ်ရဲ့ Crushလေးနဲ့ပဲ့ဖြစ်ဖြစ် ချစ်သူကောင်လေးနဲ့ပဲ့ဖြစ်ဖြစ် ပထမဆုံး အပြင်မှာတွေ့ဆုံဖို့ ချိန်းတွေ့တဲ့အခါ သင့်ရင်ထဲမှာ ရင်ခုန်မှုတွေ စိတ်လှုပ်ရှားမှုတွေနဲ့ လုံးဝပြည့်နှက်နေမှာတော့ အသေအချာပါပဲ့နော်။

အဲ့လိုအပြင်မှာ Dateတဲ့အခါ သင့်ရဲ့ဖက်ရှင်အပြင်ဆင်ကလည်း အရေးကြီးတဲ့ အရာတစ်ခုပဲ့ဖြစ်ပါတယ်။ ဒီတော့ ပထမဆုံး ဒိတ်လုပ်ချိန်မှာ အလှဆုံးနဲ့ အမိုက်ဆုံးကို ဝတ်စားဆင်ယင်ချင်ကြတာလည်း သဘာဝကျပါတယ်။

ချစ်သူနဲ့ ချိန်းတွေ့ချိန်မှာ မိမိဝတ်စားဆင်ယင်မယ့် ဖက်ရှင်ကလည်း အဓိကကျတာဖြစ်တဲ့အတွက် သင့်ကို စိတ်မသက်မသာဖြစ်စေနိုင်တဲ့ ဒီလိုဖက်ရှင်မျိုးကိုတော့ ရှောင်ရှားဖို့လိုမယ်နော်။

ဒေါက်ဖိနပ် အချွန်အမြင့်ကြီးစီးတာမျိုး

ဒေါက်ဖိနပ် အရမ်းအချွန် အမြင့်ကြီးတွေက သင့်ကို သက်သောင့်သက်သာ မဖြစ်စေပါဘူး။ ဒါ့အပြင် စီးကျင့်မရှိသူတွေ ပိုပြီးတောင် ရှောင်ပေးသင့်ပါတယ်။ လမ်းလျှောက်တဲ့အခါ သက်သောင့်သက်သာရှိတဲ့ ဖိနပ်မျိုးကိုပဲ့ ‌စမတ်ကျကျဝတ်ဆင်လိုက်ပါ။

အရမ်းကြပ်တဲ့ အတွင်းခံတွေ

အတွင်းခံ ခပ်ကြပ်ကြပ်ဝတ်ထားရင် ချစ်သူနဲ့ ပထမဆုံး ဒိတ်ပြီး စားတဲ့ သောက်တဲ့အခါမှာလည်း သက်သောင့်သက်သာမဖြစ်စေလို ရာသီဥတု ပူပြင်းတဲ့အခါမှာလည်း ချွေးထွက်ပြီး ယားကျိကျိ ဖြစ်စေတတ်ပါတယ်။

သက်သောင့်သက်သာမဖြစ်တဲ့ Sexy ကျကျ ဖက်ရှင်မျိုး

Sexy ကျတဲ့ဖက်ရှင်မျိုးကို ဝတ်ဆင်တဲ့အခါ သင်နဲ့ အရမ်းကြပ်နေတဲ့ အရမ်းကို Sexy ကျလွန်းနေတဲ့ဖက်ရှင်မျိုးကို ရှောင်သင့်ပါတယ်။

ဘယ်လိုဖက်ရှင်မျိုးကို ဝတ်ဆင်သင့်သလဲဆိုတော့

ပေါ့ပေါ့ပါးပါးနဲ့ သက်သောင့်သက်သာရှိတဲ့ ဖက်ရှင်မျိုးကို ရွေးချယ်နိုင်ပါတယ်။ သင့်ကို ချစ်ဖို့ကောင်းစေမယ့် ဂါဝန်လှလှလေး ဝတ်လိုက်တာမျိုး၊ လူငယ်ဆန်ဆန် ဖက်ရှင်ကျနေစေမယ့် ဂျင်းဘောင်းဘီဖက်ရှင်လေးတွေကို ပေါ့ပေါ့ပါးပါး ဝတ်ဆင်သွားနိုင်ပါတယ်နော်။

Photo Source: Pinterest