အတိုသိပ်မဝတ်တဲ့ ကောင်မလေးတွေအတွက် ဘောင်းဘီအရှည်လေးတွေနဲ့ Style ကျလှပနေစေမယ့် Outfit Idea တွေကို မျှဝေပေးလိုက်ပါတယ်။ ဘောင်းဘီအရှည်ပဲ ဝတ်ရတာကြိုက်ရင်တော့ ဒီ Outfit လေးတွေကို အရမ်းသဘောကျမှာ သေချာပါတယ်။

ဒီလိုအပေါ်ကျပ်ပြီး အောက်နားကားသွားတဲ့ ဂျင်းဘောင်းဘီလေးတွေက အခုနောက်ပိုင်းမှာ အရမ်းခေတ်စားလာတာပါ။ အဲ့လိုဘောင်းဘီလေးကို ရိုးရိုးရှင်းရှင်း လက်ရှည်အကျပ်လေးတွေနဲ့ တွဲဝတ်တာက ချစ်ဖို့ကောင်းပြီး Style ကျလှပစေပါတယ်။

ဒီလိုဂျင်းဘောင်းဘီလေးတွေဆိုလည်း ဝတ်လိုက်ရင် အရမ်းမိုက်ပါတယ်။ အရပ်ရှည်တဲ့သူတွေနဲ့ဆို ပိုတောင်လိုက်ပါသေးတယ်။ ဘာနဲ့တွဲဝတ်ရမှန်းမသိရင် Oversize Tee လေးတွေနဲ့သာ တွဲဝတ်လိုက်ပါ။ Style ကျပြီး မိုက်ပါတယ်။

ကိုရီးယား Style လေးလှနေအောင် ဒီလိုလေးလည်း ဝတ်လို့ရပါသေးတယ်နော်။

ဒီလိုဘောင်းဘီလေးတွေဆိုရင် ဝတ်ရတာလည်း ပေါ့ပါးလွတ်လပ်မှုရှိသလို Style လည်းကျစေပါတယ်။ ဘယ်လိုတွဲဝတ်ရမှန်းမသိရင် ဒီ Outfit လေးအတိုင်းသာ ဝတ်ကြည့်ပါ။

ဂျင်းအကားလေးတွေကို Shirt အင်္ကျီအပွလေးတွေနဲ့ ဒီလိုတွဲဝတ်တာမျိုးက ကိုရီးယားမလေးတွေဝတ်နေကျ Fashion Style လေးပါပဲ။

ဆွဲဆောင်မှုရှိရှိနဲ့ Style ကျကျ Smart ကျကျလေးဆိုရင်တော့ ဒီလို Outfit လေးကိုသာ ရွေးချယ်လိုက်ပါ။

ဘောင်းဘီအရှည်ဝတ်ရတာကြိုက်ရင် ဂျင်းဘောင်းဘီအရှည်ကို ဒီလို ကုတ်လေးတွေနဲ့ တွဲဝတ်ကြည့်ပါ။ Smart ကျပြီး အရမ်းလှပါတယ်။

ပူပြင်းတဲ့နေ့တွေမှာဆိုရင်တော့ ဒီလို Outfit လေးကို ဝတ်ကြည့်ပါ။ ပေါ့ပါးလွတ်လပ်တဲ့ပုံစံလေးနဲ့ Style ကျနေမှာပါ။

Flannel Shirt တွေနဲ့လည်း ဘောင်းဘီအရှည်ကို ဒီလို Style ကျကျ ဝတ်ဆင်နိုင်ပါတယ်။

ပူပြင်းတဲ့နေ့တွေမှာ ဒီလို Outfit လေးကို ဝတ်ဆင်ကြည့်ပါ။ ဆံပင်ကို ကလစ်လေးနဲ့ လှန်တင်ထားရင်တော့ ဒီ Fashion လေးနဲ့ ပိုလိုက်ဖက်တာပေါ့။

ဒီလိုအထာကျကျ ဂျင်းဘောင်းဘီလေး ဝတ်မယ်ဆိုရင် ရိုးရိုး Top အကျပ်လေးတွေနဲ့ တွဲဝတ်တာတောင်မှ Style ကျနေမှာပါ။

Photo source:www.pinterest.com