ဆံပင်အတိုဂုတ်ဝဲလောက်ကေလေးတွေ ထားတတ်ကြတဲ့သူတွေရှိလားရှင့်။ ဆံပင်အတိုလေးက ခေတ်ဆန်သလို မျက်နှာလေးထင်းပြီး ရုပ်ပိုနုသွားစေတာမို့ လူကြီးလူငယ်မရွေးထားလာကြတဲ့ ဆံပင်ပုံစံလေးလို့ ပြောလို့ရပါတယ်။ ဒီလို ပေါ့ပေါ့ပါးပါးဆံပင်အတိုညှပ်ထားတဲ့သူတွေက Outfit ဆိုရင်လည်း ပေါ့ပါးလွတ်လပ်တဲ့ Freestyle လေးတွေ၊ လူငယ်ဆန်ဆန်ဖက်ရှင်လေးတွေနဲ့ဆို ပိုလိုက်ပါတယ်နော်။ ဒီလိုမျိုး ဆံပင်အတိုနဲ့လိုက်တဲ့ Outfit လေးတွေကို ပိုပြီးသိရအောင် ဖက်ရှင်နမူနာလေးတွေကို ဒီတစ်ခေါက်မှာ ဖော်ပြပေးသွားမှာပါ။ သင့်အကြိုက်ပုံစံလေးတွေ ပါမလား စိတ်ဝင်စားရင် ဆက်ကြည့်လိုက်ရအောင်နော်-

ဆံပင်ဂုတ်ဝဲလေးတွေက အင်္ကျီလည်ပင်းရှည် Turtleneck လေးတွေနဲ့ အရမ်းလိုက်ဖက်ပါတယ်နော်။ အေးတဲ့ရာသီ ဝတ်မယ်ဆိုရင် ကွက်တိပါပဲ။


ဆံပင်အတိုသမားတွေက ရိုးရိုးတီရှပ်လေးတွေနဲ့လည်း လိုက်ပါတယ်နော်။ တီရှပ်လေးတွေကို ဘောင်းဘီအတို၊ အရှည်၊ Mini စကပ်လေးတွေနဲ့တွဲပြီး ဒီလိုစတိုင်လေးတွေဝတ်ကြည့်ပါ။


Tank Top လက်ပြတ်နဲ့ ကြိုးတစ်လုံးအင်္ကျီလေးတွေကလည်း ဆံပင်တိုတိုကောင်မလေးတွေအတွက် အထာကျပြီး ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ကောင်းစေမှာပါ။


V ပုံလည်ပင်းအင်္ကျီလေးတွေနဲ့ ဘောင်းဘီတိုလေးတွေတွဲဝတ်တာကလည်း ပေါ့ပေါ့ပါးပါး ခရီးသွားရင်းဝတ်လို့ကောင်းမယ့် စတိုင်လေးပါ။ လူကောင်သေးတဲ့ကောင်မလေးတွေနဲ့ဆို ကွက်တိပါပဲ။


Mini Dress လေးတွေကလည်း ရှင်းရှင်းလေးနဲ့ လှနေစေမှာပါ။


Oversized ရှပ်တွေနဲ့ အောက်က ဂျင်းအရှည်လေးတွေတွဲပြီးတော့လည်း Boyish ဖက်ရှင်ဆန်ဆန်ဝတ်လို့ရပါတယ်နော်။


ဆံပင်အတိုလေးက လည်ပင်းရှင်းတာမို့ လည်ပင်းညှပ်ရိုးလေးတွေပါထင်းနေအောင် ဒီလို လည်ပင်းကျယ်အင်္ကျီအကပ်လေးတွေတွဲဝတ်ကြည့်ပါနော်။ လည်တိုင်လှလှလေးနဲ့ ကျောရှင်းပြီး ဆွဲဆောင်မှုရှိစေပါလိမ့်မယ်။

ဆံပင်တိုညှပ်ပြီး Hoodie လေးတွေဝတ်ပေးတာကလည်း ရှိရင်းစွဲထက်ပိုငယ်သွားပုံပေါ်ပြီး ချစ်စရာကောင်းစေပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar