ခေတ်နဲ့အညီ ဖက်ရှင်ကျကျဝတ်ဆင်ရတာကို သဘောကျတဲ့ မိန်းကလေးတွေအတွက် ဒီတစ်ခါမှာတော့ တွဲဖက်ဝတ်ဆင်ဖို့ စိတ်ကူးကောင်းလေးတွေရသွားစေမယ့် outfit idea လေးတွေကို မျှဝေပေးလိုက်ပါတယ်။

Jean pant ကို အခုခေတ်စားနေတဲ့ အောက်နားကားတာမျိုးလေး ဝတ်မယ်ဆိုရင် ဒီလိုအင်္ကျီလေးတွေနဲ့ တွဲဝတ်ပါ။ လည်ပင်းပြဲတာကြောင့် ဆွဲကြိုးလေးဝတ်ဖို့လည်း မမေ့ပါနဲ့။ ဖိနပ်ကတော့ ဒေါက်မြင့်လေးစီးတာနဲ့ ပိုလိုက်ပါတယ်။

Nude color လေးတွေကို ဒါမျိုးလေးရွေးချယ်ပြီးဝတ်ပါ။ ဖက်ရှင်ကျပြီး အရမ်းမိုက်ပါတယ်။ အတိုတွေဝတ်ရတာ မကြိုက်ရင်တော့ ဒီလို outfit လေးတွေကိုသာဝတ်ပါ။

အခုနောက်ပိုင်း ဒီလိုဖိနပ်လေးတွေကလည်း trends ဖြစ်လာပြီး ဖက်ရှင်ကျတဲ့ look မျိုးရစေပါတယ်။ ဒါကြောင့် ပေါ့ပါးတဲ့ဖက်ရှင်မျိုးလေး ဝတ်မယ်ဆိုရင် ဒီ outfit လေးကိုသာ ရွေးချယ်ပါ။

ဒါကျတော့ ပွဲတွေသွားစရာရှိရင်ပဲဖြစ်ဖြစ် ဝတ်လို့အရမ်းလိုက်ပါတယ်။ ဖက်ရှင်ကျပြီး ထက်မြတ်တဲ့ look မျိုးရစေမယ့် outfit ဖြစ်ပါတယ်။

ဒီ outfit လေးကတော့ အခုနောက်ပိုင်းမှာ trends ဖြစ်လာတာမျိုးလေးပါ။ ဖက်ရှင်ကျပြီး မိုက်လည်းမိုက်သလို ချစ်ဖို့လည်းကောင်းပါတယ်။

ဒီလို skirt အကွဲလေးတွေကို body fit top လေးတွေနဲ့ တွဲဝတ်တာက အရမ်းလိုက်ပါတယ်။ Sneakers လေးစီးလိုက်ရင်တော့ perfect ဖြစ်ပြီး ဖက်ရှင်ကျနေမှာပါ။

Dinner ပွဲတွေ သွားစရာရှိတဲ့အခါမျိုးမှာ skirt ဝတ်မယ်စဉ်းစားထားရင် ဒီလို outfits လေးတွေကို ရွေးချယ်ပါ။ အရမ်းလှပြီး ဆွဲဆောင်မှုရှိနေမှာ ဖက်ရှင်ကျမိမိုက်နေမှာ သေချာပါတယ်။

Bodyfit ကြိုးတစ်လုံးဂါဝန်လေးတွေကို ဒီလိုအပေါ်ထပ်လေးတွေနဲ့ တွဲဝတ်ပြီး boots စီးတာကတော့ ဖက်ရှင်ကျပြီး မိမိုက်နေမယ့်ဖက်ရှင်မျိုးပါ။

ဒီလိုဂါဝန်လေးတွေကို ဝတ်မယ်ဆိုရင် မိန်းကလေးဆန်ပြီး လှချင်ရင်တော့ ဒေါက်အချွန်လေးတွေစီးပါ။ အထာကျပြီး မိုက်တဲ့ look မျိုး လိုချင်ရင်တော့ ဒီလို boots အမဲလေးတွေစီးပါ။

Freestyle ပုံစံလေးနဲ့ ဖက်ရှင်ကျချင်ရင်တော့ ဒီ outfits လေးတွေကိုသာ ရွေးချယ်လိုက်ပါ။

ဒီ outfit လေးကတော့ ပွဲတက်စရာရှိတဲ့အခါ၊ dinner သွားစရာရှိတဲ့အခါ အတိုတွေမဝတ်ချင်ရင် ဒါမျိုးလေးဝတ်ကြည့်ပါ။ ဖက်ရှင်ကျပြီး အရမ်းမိုက်ပါတယ်။

Photo source:www.pinterest.com