ဖက်ရှင်ကျကျဝတ်စားရတာသဘောကျတဲ့ Chubby လေးတွေအတွက် Outfit Idea လေးတွေကို မျှဝေပေးလိုက်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရင် ဘာပဲဝတ်ဝတ် အမြဲတမ်းလှနေမှာပါ။ ဖက်ရှင်ကျကျ ဝတ်စားမယ်ဆိုရင်တော့ ပိုပြီး Perfect ဖြစ်သွားမှာပေါ့။

Chubby လေးတွေက Body Fit Dress တွေဝတ်ရင် ပြည့်ပြည့်လေးနဲ့ အရမ်းလှပါတယ်။ ဝလို့ဆိုပြီး အကျပ်တွေမဝတ်ရဲဘူး မဖြစ်ပါနဲ့။ ဒီလို Dress အရှည်လေးတွေ ဝတ်ကြည့်ပါ။ ပွဲတက်အတွက်လည်း အဆင်ပြေပါတယ်။

Freestyle ပုံစံလေး ဝတ်မယ်ဆိုရင်တော့ Outfit လေးအတိုင်း ဝတ်ကြည့်ပါ။ ဖက်ရှင်ကျပြီး မိုက်နေမှာပါ။

ဘောင်းဘီအရှည်ကို ဒီလိုတီရှပ်လေးတွေနဲ့ တွဲဝတ်တာလည်း Chubby လေးတွေနဲ့ လိုက်ဖက်တဲ့ဖက်ရှင်ပါပဲ။

အရမ်းအတိုတွေမဝတ်ရဲဘူးဆိုရင် ဒီလိုစကပ်အကျပ်လေးတွေ ဝတ်ကြည့်ပါ။ ပြည့်ပြည့်လေးနဲ့ ချစ်ဖို့ကောင်းနေမှာပါ။

ဒီ Outfit လေးဆိုရင်တော့ ဆွဲဆောင်မှုရှိပြီး အရမ်းလှပါတယ်။ Chubby လေးတွေနဲ့လည်း လိုက်ဖက်တာကြောင့် ဒီလို Outfit လေးကို ရွေးချယ်သင့်ပါတယ်။

ဂျင်းဘောင်းဘီအရှည်ကို ဒီလိုလေးတွဲဝတ်တဲ့ Outfit ကလည်း Chubby လေးတွေအတွက် ချစ်ဖို့ကောင်းပါတယ်။

အတိုသိပ်မမဝတ်တဲ့သူဆိုရင် ဒီလိုဂါဝန်လေးတွေကိုဝတ်ပါ။ လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

Chubby လေးတွေက ဒီလိုဘောင်းဘီတွေဝတ်ရင် ပေါင်နဲ့ခြေသလုံးကြီးတာ သိပ်မသိသာစေပါဘူး။ ဖက်ရှင်ကျကျနဲ့ ဆွဲဆောင်မှုရှိတာမျိုးလေး ဝတ်ချင်တယ်ဆိုရင်တော့ ဒီလို Outfit မျိုးကို ရွေးချယ်ပါ။

ဒီ Outfit လေးဆိုရင် အခုအရမ်းခေတ်စားနေတာပါ။ Chubby လေးတွေနဲ့ဆိုလည်း အရမ်းလိုက်ဖက်ပါတယ်။

ဂျင်းဘောင်းဘီအရှည်နဲ့ ဒီလိုကုတ်ထပ်ဝတ်တဲ့ဖက်ရှင်မျိုးက အထာကျကျနဲ့မိုက်တဲ့ Outfit လေးပါ။

Body Fit Dress အတိုကို ဒီတိုင်းမဝတ်ရဲရင် အပေါ်ထပ်တွေနဲ့ ဒီလိုတွဲဝတ်ကြည့်ပါ။

တင်းနစ်စကပ်လေးတွေဝတ်တာလည်း ချစ်ဖို့ကောင်းတာကြောင့် Chubby လေးတွေနဲ့ လိုက်ဖက်တဲ့ Outfit လေးပဲဖြစ်ပါတယ်။

Photo source:www.pinterest.com