အင်္ကျီမလှရင်တောင် အရောင်တွဲစပ်မှု လှရင် စတိုင်ကျသွားတာမျိုး ရှိပါတယ်။ လူတွေရဲ့ မျက်လုံးကို လှည့်စားတဲ့ နေရာမှာ အရောင်တွဲစပ်ခြင်းက အရေးအကြီးဆုံး နေရာကနေ ပါဝင်နေလေ့ရှိပါတယ်။ လူငယ်ဆန်ဆန် ဖက်ရှင် စတိုင်တွေကို ကြိုက်နှစ်သက်ရင် ဘယ်အရောင်နဲ့ ဘယ်အရောင် တွဲရင် လှလဲ သိထားသင့်ပါတယ်။ ဒီလိုမှ အင်္ကျီဝယ်တဲ့အခါ ကိုယ့်မှာ ရှိတဲ့ အရောင်နဲ့ လှဖို့ ဘယ်အရောင် ရွေးသင့်လဲ သိမှာပါ။

ဒီတစ်ခေါက်မှာတော့ လူငယ်ဆန်ဆန် တောက်ပနေဖို့ သိပ်ကြိုးစားစရာမလိုဘဲ စတိုင်ကျစေမယ့် အရောင်တွဲစပ်မှု အိုင်ဒီယာ အသစ်တွေကို ဖော်ပြပါရစေ။

အညိုနဲ့ အသားရောင်

တည်တည်ငြိမ်ငြိမ်နဲ့ လှချင်ရင် အညိုနဲ့ အသားရောင်က တွဲသင့်တဲ့ အရောင်ပါ။ ဒီ အရောင်က ဘယ်တော့မှ မရိုးသွားတဲ့အပြင် တောက်လွန်းတာမျိုး မကြိုက်တဲ့ ပျိုမေတို့နဲ့ အဆင်ပြေမှာ မလွဲမသွေပါပဲ။

အစိမ်းနဲ့ အပြာ

အရောင်အေးတွေပဲ ဖြစ်တဲ့ အစိမ်းနဲ့ အပြာက တွဲလိုက်ရင် မျက်လုံးအေးပြီး လိုက်ဖက်ပါတယ်။ သင်က Warm Skin ရှိရင် ဒီအရောင်တွဲစပ်မှုနဲ့ Balance လုပ်နိုင်သလို Cool Skin ဆိုရင်လည်း ဒီအရောင်နှစ်မျိုးနဲ့ လိုက်ဖက်နေမှာပါ။

အစိမ်းနဲ့ ခရမ်းရောင်

Secondary Color တွေ ဖြစ်တဲ့ အစိမ်းနဲ့ ခရမ်းရောင်ကလည်း လိုက်ဖက်ပါတယ်။ ဒီနှစ်မျိုးက Cozy Vibe ကို ပေးပြီး သင့်ကို ထူးထူးခြားခြားလေးနဲ့ စတိုင်ကျစေမှာပါ။

ခရမ်းရောင်နဲ့ အဖြူရောင်

အပေါစား မဆန်တဲ့ အရောင်အတွဲအစပ်ကတော့ ခရမ်းရောင်နဲ့ အဖြူရောင်ပါ။ ဒီနှစ်မျိုးက အရောင်အေးတွေ ဖြစ်တဲ့အပြင် နွေရာသီနဲ့ပါ လိုက်ဖက်ပါတယ်။

အစိမ်းနဲ့ အဖြူရောင်

နွေရာသီကို ကိုယ်စားပြုတဲ့ နောက်ထပ် စုံတွဲအရောင်ကတော့ အစိမ်းနဲ့ အဖြူပါ။ အစိမ်းနဲ့ အဖြူက သင့်ကို ဘာမှ လုပ်စရာမလိုဘဲ စတိုင်ကျစေမှာပါ။

အစိမ်းနဲ့ လိမ္မော်ရောင်

သင်က အရောင်တောက်တာကို သဘောကျရင် ဒီအရောင်နှစ်မျိုးကို တွဲနိုင်ပါတယ်။ သင့်ကို လူကြားထဲ ထင်းထွက်စေဖို့ အစိမ်းနဲ့ လိမ္မော် ဖက်ရှင်ကို ကူညီပေးမှာပါ။

ပန်းရောင်နဲ့ အနက်ရောင်

ပန်းရောင် နဲ့ အနက် လိုက်မလိုက် သင် ကမ္ဘာကျော် Blackpink အဖွဲ့ရဲ့ စတိုင်ကို ကြည့်ရင် သိနိုင်ပါတယ်။ ပန်းရောင်နဲ့ အနက်က ဆွဲဆောင်မှု ရှိတဲ့ Vibe ကို ပေးနိုင်ပါတယ်။

ပန်းရောင်နဲ့အပြာ

ဘယ်အချိန်တွဲတွဲ လှနေတဲ့ ပန်းရောင်နဲ့ အပြာတွဲစပ်မှုကိုလည်း မေ့ထားလို့မရပါဘူး။ သင်က ပန်းရောင်ကြိုက်ရင် အပြာရောင်ကိုပါ ထည့်စဉ်းစားသင့်ပါတယ်။

သင်ကြိုက်တဲ့ အရောင်အတွဲအစပ်က ဘာဖြစ်မလဲ။

Photo Source: Pinterest

By MyStyle Myanmar