မင်္ဂလာပါ ပျိုမေတို့ရေ။ တက်တူးထိုးပြီး ဓာတ်ပုံထဲမှာ ပေါ်နေအောင် အထာကျကျလေး ရိုက်ချင်တယ်ဆိုရင် လက်မောင်းနှစ်ဖက်ပေါ်မှာ ထိုးဖို့ တိုက်တွန်းချင်ပါတယ်နော်။ မိန်းကလေးတွေမှာ လက်မောင်းတက်တူး ထိုးတဲ့သူက ရှားပေမယ့် ဓာတ်ပုံရိုက်တဲ့အခါ ဒီလို လက်ပေါ်မှာ ထိုးတဲ့တက်တူးလေးတွေက ပိုထင်းပါတယ်။

Selfie ပဲရိုက်ရိုက် အဝေးကပဲရိုက်ရိုက် ကိုယ့်ရဲ့ အပေါ်ပိုင်း Outfit ကိုပါ အထာပိုကျအောင် ပံ့ပိုးပေးမှာပါ။ အသားပိုလင်းသွားသလိုပါ မြင်ရတာမို့ သင်က တက်တူးထိုးရတာလည်း ကြိုက်တယ် တက်တူးနဲ့အမှတ်တရ ပုံလှလှလေးလည်း ရိုက်ချင်တယ်ဆိုရင် အခုဖော်ပြပေးမယ့် တက်တူးဒီဇိုင်းလေးတွေက သင့်အတွက်ပါပဲ။ လူငယ်ဆန်ဆန် ဒီဇိုင်းလေးတွေရှာနေတဲ့သူတွေအတွက် အိုင်ဒီယာရစေမှာဖြစ်လို့ စိတ်ဝင်စားတယ်ဆိုရင် ကြည့်လိုက်ရအောင်နော်-

Cele တွေကိုယ်တိုင် ထိုးလေ့ရှိတဲ့ လိပ်ပြာ ပုံဒီဇိုင်းလေး ဖြစ်ပါတယ်။ လိပ်ပြာပုံလေးတွေက ခပ်ကြီးကြီးထိုးလဲ အမြင်မရိုင်းတာမို့ မိန်းကလေးတိုင်းအတွက် အဆင်ပြေမှာပါ။

ပန်းပုံလေးတွေထိုးမယ်ဆို အရောင်နဲ့ကိုမှ အပွင့်ကားကား အရိုးရှည်ရှည်နဲ့ ခပ်ပါးပါးဆွဲထားတဲ့ ဒီဇိုင်းလေးတွေ ပန်းပွင့်သေးသေး အရောင်နုတာလေးတွေ စပ်ပြီးထိုးကြည့်ပါနော်။

စကားလုံး၊ စကားစုလေးတွေ ထိုးတာကလည်း ရိုးရိုးလေးနဲ့ အနုပညာဆန်သလို ဓာတ်ပုံထဲမှာ ထင်းပြီး လက်မောင်းပိုသွယ်သွားသလို ထင်ရစေမှာပါ။

ဒီလို မြှားနတ်မောင်ဒီဇိုင်းလေးကလည်း တစ်မျိုးဆန်းပြီး လှတာမို့ ထိုးကြည့်တာ မမှားပါဘူး။


ဖဲကြိုးပုံလေးထိုးကြည့်ပါနော်။ မိန်းကလေးဆန်ပြီး နူးညံ့တဲ့ ဒီဇိုင်းလေး ကြိုက်သူတွေအတွက် အရမ်းအဆင်ပြေပါတယ်။

ချစ်စရာကောင်းတဲ့အိမ်မွေးကောင်လေးတွေကလည်း လက်မှာထိုးလို့ အရမ်းလှပါတယ်။ အပြင်မှာရော ဓာတ်ပုံထဲမှာပါ ကြည့်ကောင်းနေမှာပါ။

တက်တူးဒီဇိုင်းလေးတွေစုပြီး ခပ်သေးသေး စုထိုးတာကလည်း အင်္ကျီလက်ပြတ်လေးဝတ်ရင်း ဓာတ်ပုံရိုက်တဲ့အခါ ခေတ်ဆန်ပြီး လုံးဝအထာကျနေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar