မင်္ဂလာပါ ပျိုမေတို့ရေ။ ပျိုမေတို့အနေနဲ့ ပုံမှန်နောက်ခံတွေနဲ့ ကွဲထွက်ပြီး အရောင်စိုတဲ့ဓာတ်ပုံလေးတွေ ရချင်တယ်ဆိုရင် အထပ်မြင့်တိုက်တွေ နောက်ခံထားပြီးရိုက်ကြည့်ဖို့ အကြံပေးချင်ပါတယ်နော်။ Outdoor ဖြစ်လို့ သဘာဝနေရောင်အပြည့်ရသလို ခေါင်မိုးထပ်လိုနေရာတွေမှာ ရိုက်ရမှာမို့ လူရှုပ်တဲ့လမ်းမတွေပေါ် Pose ပးရတာထက် ပိုပြီးလွတ်လပ်ပါတယ်။ ဒီတစ်ခေါက်မှာ ပျိုမေတို့အတွက် အထပ်မြင့်အဆောက်အဦးတွေပေါ်မှာ အလှဓာတ်ပုံရိုက်ရင်း အထာကျကျ Pose ပေးနိုင်မယ့် Idea လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်-

ထိုင်ပြီးရိုက်မယ်ဆိုရင် ဒီလိုခြေထောက်တစ်ချောင်းတင်ကာ နောက်တစ်ချောင်းချပြီး Pose ပေးကြည့်ပါ။

မတ်တပ်ရပ်ရိုက်တဲ့အခါ ကင်မရာကို အောက်ကပင့်ရိုက်တာက ပိုကောင်းပါတယ်နော်။ အရပ်ရှည်ထွက်သွားသလို မြင်ရတဲ့အပြင် နောက်ခံရှုခင်းအတွက်လည်း အထပ်မြင့်တိုက်တွေနဲ့အတူ တိမ်နဲ့ကောင်းကင်ကိုပါ မြင်ရတာမို့ အရောင်ပိုစုံပြီး လင်းနေမှာပါ။

ဒူးနှစ်ဖက်ထောင်ပြီး ထိုင်နေတဲ့ပုံစံလေး Pose ပေးကြည့်ပါ။ ဖိနပ်လှလှလေးဝတ်ပြီး ရိုက်မယ့်သူတွေအတွက် ကွက်တိပါပဲ။

အထပ်မြင့်နောက်ခံရှုခင်းတွေကို ကျောပေးပြီး နေရောင်ထိုးတဲ့ဘက် မျက်နှာမော့ထားတဲ့ Pose လေးကလည်း လုပ်ရအရမ်းလွယ်ပြီး မျက်နှာလေးကိုပါ လင်းသွားစေမှာပါ။

မျက်နှာမပေါ်ဘဲရိုက်ချင်တဲ့သူတွေက တစ်ဖက်ကိုမျက်နှာလှည့် ကျောခိုင်းပြီး ရှုခင်းအသားပေးထားတဲ့ Pose ပေးနိုင်ပါတယ်နော်။

Pose ပေးတဲ့အခါ လက်ကိုဘယ်မှာထားရမှန်းမသိရင် ကင်မရာကိုကြည့်ပြီး ဆံပင်သပ်နေသလို ပုံစံလေးလုပ်လို့ရပါတယ်။

လမ်းလျှောက်နေရင်းရိုက်လိုက်သလို Snap လေးတွေလည်း စမ်းကြည့်ပါနော်။ သဘာဝဆန်တာမို့ တကူးတက Pose ပေးနေစရာ မလိုတော့ပါဘူး။

ကင်မရာဘက်ကို နောက်ပြန်လှည့်ကြည့်တဲ့ပုံစံလေးကလည်း လူငယ်ဆန်ပြီး ချစ်စရာကောင်းတာမို့ ရိုက်ကြည့်ဖို့ မမေ့ပါနဲ့နော်။

Photo Source: Pinterest

By MyStyle Myanmar