အခုဆောင်းပါးလေးကို ဖတ်မယ့်စာဖတ်ပရိတ်သတ်တွေထဲမှာ ချစ်သူနဲ့ မကြာခင်မှာ ရွှေလက်တွဲကြမယ့် သူတွေလည်းရှိနိုင်သလို၊ တချိန်ချိန်မှာ ကိုယ်လည်း ဒီလိုလေး Pre-wedding ရိုက်ချင်တယ်ဆိုပြီး ကြည်နူးချင်သူလေးတွေလည်း ရှိနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မိန်းကလေးတွေအနေနဲ့ကတော့ ကိုယ့်ချစ်သူနဲ့အတူ ကြည်နူးစရာကောင်းတဲ့ ရိုမန့်တစ်ဆန်ဆန် ဓာတ်ပုံလှလှလေးတွေ ရိုက်ချင်ကြတာချည်းပါပဲနော်။

တစ်သက်မှာ တစ်ခါသာကျင်းပရမယ့် အရေးကြီးဆုံး မင်္ဂလာဆောင်မတိုင်ခင် Pre-wedding ရိုက်ကြတာဟာလည်း အခုခေတ်မှာ တော်တော်လေးကို ရေပန်းစားနေပြီး သူအပြိုင်ကိုယ်အပြိုင် အလှဆုံး ရိုက်ဖို့ကြိုးစားနေတာကိုလည်း တွေ့မြင်ရမှာပါ။

တချို့ကျတော့ Indoor အနေနဲ့ လှလှလေးတွေရိုက်ကြသလို တချို့စုံတွဲလေးတွေကျတော့လည်း နေရာလှလှလေးတွေကို ထွက်ပြီးတော့ ရိုက်ကြတာလည်း ရှိကြပါတယ်။ အားလုံးကတော့ ကိုယ့်အကြိုက်နဲ့ကိုယ်ပါပဲ။

အခုတစ်ခေါက်မှာလည်း Pre-wedding ရိုက်ဖို့အတွက် Outdoor Location ကို ရွေးချယ်ထားကြတဲ့ စုံတွဲတို့အတွက် သစ်ပင်ပန်းမန်လေးတွေနဲ့ အလှဆုံးရိုက်ကူးနိုင်မယ့် ပို့စ်အိုင်ဒီယာလေးတွေကို စေတနာအပြည့်နဲ့ ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

Image Source: Pinterest