အခုနောက်ပိုင်းမှာဆိုရင် မှန်လေးချပြီး ကောင်းကင်ပါအောင် mirror selfie ရိုက်တာမျိုး၊ ပန်းခြံထဲ၊ ခြံထဲ၊ အပြင်ဘက်တွေမှာ မှန်ချပြီး mirror selfie ရိုက်တာမျိုးတွေက ခေတ်စားလာပါတယ်။ အရမ်းလည်း ဖက်ရှင်ကျပြီး မိုက်တဲ့ပုံစံမျိုးတွေ ဖြစ်စေပါတယ်။ ဒါကြောင့် ဓာတ်ပုံရိုက်ရတာ ဝါသနာပါတဲ့ကောင်မလေးတွေအတွက် အသုံးဝင်စေမှာဖြစ်လို့ အခုနောက်ပိုင်းမှာ ခေတ်စားလာတဲ့ Outdoor Mirror Selfie ရိုက်နည်းတွေကို မျှဝေပေးလိုက်ပါတယ်။

ချစ်ဖို့ကောင်းတဲ့ မှန်အသေးလေးကိုချပြီး ဒီလိုမျိုးလေးရိုက်လို့ရပါတယ်။ ကိုယ့်ဖိနပ်လေးပါချင်ရင် ဒီလိုမျိုးလေးသာ အိုင်ဒီယာယူပြီးရိုက်ကြည့်ပါ။

မှန်ချပြီး ကောင်းကင်ပဲပါအောင် ဒီလိုမျိုးလေးလည်း ရိုက်လို့ရပါတယ်။ ကိုယ့်ဖက်ရှင်လည်း ပေါ်လွင်စေတာမို့ ရိုးရိုးလေးနဲ့ အရမ်းလှတဲ့ပုံစံလေးပါ။

ပန်းခင်းလေးတွေကြားမှာ မှန်အဝိုင်းလေးကိုချပြီး ဒါမျိုးလေးတွေလည်း ရိုက်လို့ရပါတယ်။ အရမ်း Romantic ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။ ပုံစံလေးလည်း ဆန်းဆန်းလေး ဖြစ်စေပါတယ်။ ခရီးသွားတဲ့အခါမျိုးတွေမှာရိုက်ရင် ပိုပြီးမိုက်မယ်လို့ ထင်ပါတယ်။

ဒီပုံမှာဆိုရင် မှန်အကြီးကြီးကိုချပြီး ရိုက်တာပါ။ တစ်ကိုယ်လုံးပါအောင်ကို သေချာရိုက်ထားတာ အရမ်းမိုက်ပြီး အရမ်းလည်းလှပါတယ်။ သူများရိုက်ပေးတာမျိုးမဟုတ်ပါဘူး။ mirror selfie ပါပဲ။ လက်တစ်ဖက်နဲ့ကိုင်ပြီး ဖုန်းကို မှန်ထောင့်လေးမှာထားပြီး ရိုက်ထားတာပါ။

Mirror selfie ကိုမှ မှန်မပါအောင်ရိုက်ချင်ရင် ဒါမျိုလေးလည်း ရိုက်လို့ရပါတယ်။

ဒါကျတော့ မှန်ကိုအောက်မှာချပြီး တခြားသူက ရိုက်ပေးထားတာမျိုးပါ။ mirror selfie မရိုက်ချင်တဲ့သူတွေဆိုရင် ဒါမျိုးရိုက်ကြည့်ပါ။

စတိုင်လ်ကျကျနဲ့ လုံးဝအမိုက်စားပုံစံလေး ရိုက်ချင်ရင်တော့ mirror selfie ကို ဒီလိုမျိုး မှန်ပေါ်မှာ ခြေထောက်တင်ပြီး ရိုက်ကြည့်ပါ။

photo source:www.pinterest.com