တခြားသူဆိုတာ သင့်ရဲ့ မှန်တစ်ချပ်လိုပါပဲ။ သင်ပြုလုပ်လိုက်တဲ့အတိုင်း ပြန်ပြီး ထင်ဟပ်လာတဲ့အရာတွေပါပဲ။ သင့်အနေနဲ့ သတိမထားမိတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ တခြားသူတွေကို ဘယ်လိုပြုမူမလဲ။

သင့်အနေနဲ့ သင့်ကိုတော့ တချို့သူတွေက သဘောကျပြီး သင့်သူငယ်ချင်းတွေထဲက တစ်ယောက်ယောက်ကို သဘောမကျတာ မြင်ဖူးပါသလား။

ဒါဟာ သူတို့ကိုယ့်ကို ပထမဆုံးအကြိမ်တွေ့တဲ့အခါ မြင်လိုက်တဲ့ အမြင်ကြောင့်ပဲဖြစ်ပါတယ်။ ကိုယ့်ကို တခြားသူတွေ သဘောမကျတာဟာ ကိုယ့်အပြစ်တစ်ခုမဟုတ်ပါဘူး။ အဲဒီအပေါ် ပြုပြင်လို့ရပါတယ်။

လိမ်ညာပြောတတ်တဲ့သူ၊ အတင်းပြောတတ်တဲ့သူတွေကို ဘယ်သူကမှ သဘောကျကြမှာမဟုတ်ပါဘူး။

တခြားသူတွေဟာ ကိုယ့်ရဲ့ မှန်တစ်ချပ်နဲ့ တူတာကြောင့် တခြားသူတွေကိုကြည့်ပြီး သင့်မှာ သင်ယူစရာတွေအများကြီးပါပဲ။ သင့်အနေနဲ့ တခြားသူ သင့်ကို အော်တာမကြိုက်ရင် ကိုယ်က စပြီး မအော်ပါနဲ့။

ဥပမာ သင့်အကို (သို့) သူငယ်ချင်းတစ်ယောက်က တခြားသူတစ်ယောက်အကြောင်း အရမ်းဝေဖန်ပြောဆိုနေတာ သင့်အနေနဲ့ သည်းမခံနိုင်ဘူးဆိုရင် ကိုယ်တိုင်ကစပြီး ပြောင်းလဲလိုက်ပါ။ ကိုယ်ကလည်း တခြားသူတွေရဲ့ အကြောင်း မဝေဖန်အောင် သတိထားလိုက်ပါ။

တကယ်လို့ သင့်မိတ်ဆွေသူငယ်ချင်းတစ်ယောက်ယောက်က သူ့မိခင်ကို မချေမငန်ပြန်ပြောတာ သင့်ကို စိတ်အနှောင့်ယှက်ဖြစ်စေတယ်ဆိုရင် သင်နဲ့ သင့်မိခင်ဆက်ဆံရေးကကော ဘယ်လိုအခြေအနေရှိလဲ ဆိုတာကို ပြန်တွေးပါ။

သင့်ခံစားချက်အတွက် တခြားသူတွေမှာ တာဝန်ရှိတယ်လို့ မခံစားရအောင်နေပါ

တချို့သူတွေဟာ သူတို့တစ်ခုခု ဖြစ်တာနဲ့ပတ်သက်လို့ တခြားသူတွေကို အပြစ်တင်ကြပါတယ်။ သူ့ကြောင့်ငါဒေါသထွက်ရတယ်။ သူ့ကြောင့် ငါစိတ်မချမ်းသာရဘူးဆိုပြီး တွေးကြပါတယ်။

လူမှုပတ်ဝန်းကျင်မှာသာမက အလုပ်မှာလည်း ထိုနည်းလည်းကောင်းပါပဲ။ သင့်အလုပ်ရှင် (သို့) သင့်အထက်အရာရှိက သင့်ကို အလုပ်ကြိုးစားဖို့ ပြောလာတဲ့အခါ သင့်အနေနဲ့ မလုံခြုံမှု စိတ်မချမှုတွေ ခံစားရတတ်ပါတယ်။ ဒါပေမယ့် အဲဒီလိုခံစားနေမယ့်အစား အကောင်းဆုံးကို လုပ်ဆောင်လိုက်ပါ။

တခြားသူကို ကြည့်ပြီး သင်ခန်းစာယူပါ။ သင်ယူပါ။ သင့်ခံစားချက်အတွက် သင့်ကိုယ်သင် တာဝန်ယူမှုရှိပါ။