Bollywood လို့ပြောလိုက်တာနဲ့ ဇာတ်ညွှန်းကောင်းတွေ ၊ သီချင်းကောင်းတွေ ၊ ကကွက်တွေနဲ့စုံလင်နေတဲ့ ရုပ်ရှင်ဆိုတာ ပြေးမြင်ပြီးသားဖြစ်မှာပါ။ ဘောလီးဝုဒ်ရုပ်ရှင်တွေထဲမှာ ရုပ်ရှင်ရဲ့ ဇာတ်ဝင်ခန်းအတွက် Bollywood စတားတွေ ဝတ်ဆင်ကြတဲ့ ဘောလီးဝုဒ်ဝတ်စုံတွေကလည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။

ဒဏ္ဍာရီပုံပြင်တစ်ပုဒ်လိုမျိုး ပုံဖော်တဲ့နေရာမှာ ပရိတ်သတ်တွေကို ဆွဲဆောင်မှုရှိစေဖို့နဲ့ခမ်းနားမှုရှိစေဖို့ ဝတ်စုံတစ်ထည်အတွက် ငွေအမြောက်အမြား သုံးစွဲတတ်ကြပါတယ်။ ဇာတ်ကောင်တစ်ခုစီအတွက် ဇာတ်ကောင်ရဲ့ကိုယ်ရည်ကိုယ်သွေးကို သေချာဖော်ပြနိုင်ဖို့ ကိုယ်ပိုင်ဒီဇိုင်နာနဲ့ အသေးစိတ်ပြင်ဆင်ကြပါတယ်။

Shahrukh Khan: Ra.One

Shahrukh ရဲ့ စက်ရုပ်ဝတ်စုံက ရုပ်ရှင်အတွက် အဓိကအချက်ဖြစ်ပြီး ရူပီး ၄.၅ ကုဋေနီးပါး တန်ကြေးရှိပါတယ်။

Deepika Padukone: Padmavaat

Padmavati ရုပ်ရှင်မှာ Deepika Padukone ရဲ့ဝတ်စုံက အလေးချိန် 30 ကီလိုဂရမ်ရှိပြီး ရူပီး သိန်း 30 ကုန်ကျပါတယ်။

Madhuri Dixit: Devdas

ဂန္ထဝင်ရုပ်ရှင်တစ်ခုဖြစ်တဲ့ Devdas ဇာတ်ကားထဲမှာ ဝတ်စုံတစ်ခုစီက ရူပီး ၁၅ သိန်းလောက် ကုန်ကျပါတယ်။

Kareena Kapoor: Kambakkht Ishq

Kambakkht Ishq ဇာတ်ကားမှာ Kareena က ရူပီး 8 သိန်းခန့်တန်ဖိုးရှိတဲ့ အနက်ရောင်ဝတ်စုံကို ၀တ်ဆင်ခဲ့ပါတယ်။

Rajinikanth: Enthiran (Robot)

Robot လို့လူသိများတဲ့ တမီလ်ရုပ်ရှင် Enthiran မှာ  Rajnikanth က ရူပီး 3 ကုဋေတန်သောဝတ်စုံကို ၀တ်ဆင်ထားခဲ့ပါတယ်။

Aishwarya Rai: Jodhaa Akbar

သမိုင်းဝင် အချစ်ဇာတ်ကားဖြစ်တဲ့ Jodhaa Akbar မှာ  Jodhaa အဖြစ် သရုပ်ဆောင်ထားတဲ့ Aishwarya Rai အတွက် ဝတ်စုံတစ်ခုစီကို  ရူပီး 2 သိန်း ကုန်ကျခံထားပြီး Neeta Lulla မှ ဒီဇိုင်းထုတ်ထားပါတယ်။

Akshay Kumar: Singh is Bling

ရုပ်ရှင်ပိုစတာအတွက် Akshay Kumar ဝတ်ဆင်ခဲ့တဲ့ ရွှေရောင်ခေါင်းစွပ်က ရူပီး ၆၅ သိန်းဖြစ်ပြီး ဘောလီးဝုဒ်ရုပ်ရှင်အတွက် စျေးအကြီးဆုံး ခေါင်းစွပ်တွေထဲက တစ်ခုပါ။

Deepika Padukone: Bajirao Mastani

ဒီဇိုင်နာ Anju Modiက Mastani အဖြစ် သရုပ်ဆောင်ထားတဲ့ Deepika Padukone ရဲ့ ၀တ်စုံအတွက် ရူပီး ၅၀ ကျော် သုံးစွဲခဲ့ပါတယ်။