ဓာတ်ပုံရိုက်တဲ့အခါ လူတိုင်းက ပုံထဲမှာ ပိုပြီးကြည့်ကောင်းနေတာကို လိုချင်တဲ့သူတွေချည်းပါပဲ။ ဒါကြောင့် ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့သူတွေအတွက် ဓာတ်ပုံရိုက်တဲ့အခါ ဓာတ်ပုံထဲမှာ စမက်ကျကျနဲ့ ပရော်ဖက်ရှင်နယ် မော်ဒယ်တစ်ယောက်လို ကြည့်ကောင်းနေစေဖို့ Pose Idea များ ဝေမျှပေးလိုက်ပါတယ်။

ဓာတ်ပုံရိုက်တဲ့အခါ ခေါင်းကို ဘေးစောင်းမယ့်အစား အရှေ့နည်းနည်းတိုးလိုက်ရင် လည်ပင်းပိုရှည်သလိုဖြစ်သွားပြီး ပိုကြည့်ကောင်းစေပါတယ်။

ထိုင်ရိုက်တဲ့အခါ ကျောမမှီဘဲ ကျောရိုးကို ဖြောင့်ထားပြီး ခန္ဓာကိုယ်ကောက်ကြောင်းကို ပိုပေါ်အောင် ကင်မရာဘက်ကို တစ်ဝက်လှည့်ထိုင်ကြည့်ပါ။

ကင်မရာဘက်အတည့်မထိုင်ဘဲ ဘေးတစောင်းထိုင်ပြီး ခြေထောက်နှစ်ဘက်ကို ရှည်တယ်ထင်ရအောင် ဒီလိုလေးထားလိုက်ပါ။

ရိုးရိုးထိုင်မယ့်အစား ခါးကို သေးစေပြီး ရင်သားကို ပိုကြီးလာတယ်ထင်ရအောင် ကင်မရာဆီ လေးပုံသုံးပုံ လှည့်ထိုင်လိုက်ပါ။

လက်နှစ်ဖက်ကို ဘယ်မှာထားရမလဲဆိုတာ စဥ်းစားရခက်နေရင် ဒီလိုလေးထောက်ပြီး Pose ပေးကြည့်ပါ။

လက်နှစ်ဖက်ကို ဘေးနှစ်ဖက်မှာမချထားဘဲ ဒီလိုလေးထားတာက သဘာဝကျကျနဲ့ကြည့်ကောင်းစေပါတယ်။

ဝတ်ထားတဲ့အင်္ကျီက ပွနေရင် ပုံထဲမှာလူက ပွပွကြီးမဖြစ်အောင် လက်ကို ဒီလိုမျိုးလေးထားပြီး ရိုက်ကြည့်ပါ။ ဓာတ်ပုံရိုက်ဖို့အတွက် အဝတ်အစားပွတာတွေ ဝတ်တာကို ရှောင်တာ အကောင်းဆုံးပါပဲ။

ကင်မရာနဲ့ တံတောင်ဆစ်ကို တည့်တည့်ထားမယ့်အစား ပါးပေါ်မှာ လက်ကို ဒီလိုလေးထားကြည့်ပါ။

မျက်နှာပေါ် လက်အပြည့်မတင်ဘဲ ဒီလိုလေးထားရိုက်တာက ပုံထဲမှာ မျက်နှာကိုသေးတယ်လို့ ထင်ရစေပါတယ်။