လိမ္မော်ရောင်ကထူးခြားပြီးတောက်ပတယ်။ လိမ္မော်ရောင်ကို Summer ရဲ့အရောင်တစ်ရောင်အဖြစ်လည်း သတ်မှတ်ထားကြပါတယ်။ လိမ္မော်ရောင်က မြင်လိုက်တာနဲ့ထင်းထင်းလင်းလင်းရှိသလို ဘယ်တော့မှမရိုးသွားတဲ့အရောင်တစ်မျိုးလည်းဖြစ်ပါတယ်။ Fashion Show တွေရဲ့ အသုံးများဆုံးအရောင်တစ်ရောင်လည်းဖြစ်ပါတယ်။ ကဲ့ဒီလိုဆိုရင် လိမ္မော်ရောင်နဲ့အတွဲအစပ်ပြုလုပ်ရင် ကိုယ့်ရဲ့Fashion ကိုပိုပြီးတောက်ပြောင်စေလဲဆိုတာ လေ့လာလိုက်ရအောင်နော်။

လိမ္မော်ရောင်က ပန်းဆီရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ အပြာအနု၊ အရင့်​၊ ခရမ်းရောင်၊ မိုးပြာရောင် စတဲ့အရောင်တွေက ကိုယ့်ရဲ့Fashion ကိုပိုပြီးတက်ကြွေစေပါတယ်။ ကာလအတွဲအစပ်မှားရင်လည် ကိုယ်ဖော်ပြချင်တဲ့ Fashion ကစိတ်၀င်စားစရာမကောင်းတော့သလို ကြည့်ရတဲ့သူတွေအတွက်လည်း ဘာမှမထူးခြားသလိုမျိုးဖြစ်နေမှာပါနော်။