(Zawgyi)

ဗီတာမင္စီဓာတ္ ၾကြယ္ဝတဲ့ လိေမၼာ္သီးက စားရတာလည္း အရသာရွိသလို အသားအေရအလွအပအတြက္လည္း အေထာက္အကူျပဳပါေသးတယ္။ က်န္းမာေရးနဲ႔ ညီညႊတ္တဲ့ လိေမၼာ္သီးက အသားအေရကို ျဖဴေဖြးဝင္းပေစၿပီး ဝက္ၿခံနဲ႔ အမဲစက္မ်ားကို ဖယ္ရွားေပးပါတယ္။ ဒါ့အျပင္ အဆီျပန္ျခင္း ကင္းေဝးေစၿပီး အသားအေရကို ၾကည္လင္ဝင္းပေစပါတယ္။

ေခြ်းေပါက္ေတြ က်ဥ္းၿပီး အသားအေရ ႏူးညံ့ေခ်ာမြတ္ဖို႔အတြက္ လိေမၼာ္သီးနဲ႔ ဘယ္လိုေပါင္းတင္ရမလဲဆိုေတာ့…

နည္းလမ္း (၁)

လိေမၼာ္သီး တစ္လံုးႏွင့္ သေဘၤာသီး ေလးစိတ္ တစ္စိတ္ခန္႔ကို အႏွစ္မ်ားရေအာင္ ေခ်ေပးလိုက္ပါ။ သမေအာင္ ေရာေႏွာၿပီးတဲ့ေနာက္မွာေတာ့ မ်က္ႏွာႏွင့္ လည္ပင္းေပၚမွာ သုတ္လိမ္းေပးလိုက္ပါ။ ၁၅ မိနစ္၊ မိနစ္ ၂၀ ခန္႔ၾကာမွ မ်က္ႏွာသစ္ေပးလိုက္ပါ။

ဒီနည္းလမ္းျဖင့္ တစ္ပတ္မွာ ႏွစ္ႀကိမ္ခန္႔ ေပါင္းတင္ေပးမယ္ဆိုရင္ေတာ့ သင့္အသားအေရက ၾကည္လင္ဝင္းပလာပါလိမ့္မယ္။

နည္းလမ္း (၂)

ဒီနည္းလမ္းျဖင့္ ေပါင္းတင္ေပးမယ္ဆိုရင္ေတာ့ ငွက္ေပ်ာသီးတစ္လံုးႏွင့္ လိေမၼာ္သီး တစ္လံုးတို႔ လိုအပ္ပါလိမ့္မယ္။ ထိုသစ္သီးႏွစ္မ်ိဳးစလံုးကို အႏွစ္မ်ားရေအာင္ ေခ်ၿပီးတဲ့ေနာက္မွာေတာ့ သင့္ရဲ႕မ်က္ႏွာေပၚမွာ သုတ္လိမ္းေပးလိုက္ပါ။ ၁၅ မိနစ္၊ မိနစ္ ၂၀ ခန္႔ၾကာမွ ေရေႏြးေႏြးေလးျဖင့္ မ်က္ႏွာသစ္ေပးၿပီးေနာက္ မ်က္ႏွာသုတ္ပုဝါေလးျဖင့္ ခပ္ဖြဖြေလး ပုတ္ေပးလိုက္ပါ။

ဒီေပါင္းတင္နည္းကေတာ့ သင့္အသားအေရကို အစိုဓာတ္ျဖည့္တင္းေပးၿပီး အမဲစက္မ်ားကို ဖယ္ရွားေပးပါတယ္။ တစ္ပတ္ ႏွစ္ႀကိမ္ခန္႔ ေပါင္းတင္ေပးလိုက္ပါ။

နည္းလမ္း (၃)

ဒီမ်က္ႏွာေပါင္းတင္နည္းနဲ႔ ေပါင္းတင္ဖို႔အတြက္ အုန္းဆီ လက္ဖက္ရည္ဇြန္း ၁ ဇြန္းႏွင့္ လိေမၼာ္သီးအႏွစ္ စားပြဲတင္ဇြန္းတစ္ဇြန္းတို႔ လိုအပ္ပါလိမ့္မယ္။ ထိုပါဝင္ပစၥည္း ႏွစ္မ်ိဳးစလံုးကို သမေအာင္ ေရာေမႊၿပီးတဲ့ေနာက္မွာေတာ့ သင့္ရဲ႕မ်က္ႏွာေပၚမွာ သုတ္လိမ္းေပးလိုက္ပါ။ ထို႔ေနာက္ မိနစ္ ၃၀ ခန္႔ ထားထားလိုက္ပါ။ မိနစ္ ၃၀ ျပည့္ပါက ဝါဂြမ္းစေလးျဖင့္ သုတ္ကာ ဖယ္ရွားေပးလိုက္ပါ။

ဒီေပါင္းတင္နည္းကေတာ့ သင့္ရဲ႕မ်က္ႏွာေပၚက အညစ္အေၾကးမ်ားကို ဖယ္ရွားေပးၿပီး အသားအေရကို ၾကည္လင္ေစပါတယ္။ တစ္ရက္ျခားတစ္ခါခန္႔ ျပဳလုပ္ေပးဖို႔ေတာ့ လိုပါလိမ့္မယ္။

Source: Stylecraze.com

(Unicode)

ဗီတာမင်စီဓာတ် ကြွယ်ဝတဲ့ လိမ္မော်သီးက စားရတာလည်း အရသာရှိသလို အသားအရေအလှအပအတွက်လည်း အထောက်အကူပြုပါသေးတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ လိမ္မော်သီးက အသားအရေကို ဖြူဖွေးဝင်းပစေပြီး ဝက်ခြံနဲ့ အမဲစက်များကို ဖယ်ရှားပေးပါတယ်။ ဒါ့အပြင် အဆီပြန်ခြင်း ကင်းဝေးစေပြီး အသားအရေကို ကြည်လင်ဝင်းပစေပါတယ်။

ချွေးပေါက်တွေ ကျဉ်းပြီး အသားအရေ နူးညံ့ချောမွတ်ဖို့အတွက် လိမ္မော်သီးနဲ့ ဘယ်လိုပေါင်းတင်ရမလဲဆိုတော့…

နည်းလမ်း (၁)

လိမ္မော်သီး တစ်လုံးနှင့် သင်္ဘောသီး လေးစိတ် တစ်စိတ်ခန့်ကို အနှစ်များရအောင် ချေပေးလိုက်ပါ။ သမအောင် ရောနှောပြီးတဲ့နောက်မှာတော့ မျက်နှာနှင့် လည်ပင်းပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့်ကြာမှ မျက်နှာသစ်ပေးလိုက်ပါ။

ဒီနည်းလမ်းဖြင့် တစ်ပတ်မှာ နှစ်ကြိမ်ခန့် ပေါင်းတင်ပေးမယ်ဆိုရင်တော့ သင့်အသားအရေက ကြည်လင်ဝင်းပလာပါလိမ့်မယ်။

နည်းလမ်း (၂)

ဒီနည်းလမ်းဖြင့် ပေါင်းတင်ပေးမယ်ဆိုရင်တော့ ငှက်ပျောသီးတစ်လုံးနှင့် လိမ္မော်သီး တစ်လုံးတို့ လိုအပ်ပါလိမ့်မယ်။ ထိုသစ်သီးနှစ်မျိုးစလုံးကို အနှစ်များရအောင် ချေပြီးတဲ့နောက်မှာတော့ သင့်ရဲ့မျက်နှာပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့်ကြာမှ ရေနွေးနွေးလေးဖြင့် မျက်နှာသစ်ပေးပြီးနောက် မျက်နှာသုတ်ပုဝါလေးဖြင့် ခပ်ဖွဖွလေး ပုတ်ပေးလိုက်ပါ။

ဒီပေါင်းတင်နည်းကတော့ သင့်အသားအရေကို အစိုဓာတ်ဖြည့်တင်းပေးပြီး အမဲစက်များကို ဖယ်ရှားပေးပါတယ်။ တစ်ပတ် နှစ်ကြိမ်ခန့် ပေါင်းတင်ပေးလိုက်ပါ။

နည်းလမ်း (၃)

ဒီမျက်နှာပေါင်းတင်နည်းနဲ့ ပေါင်းတင်ဖို့အတွက် အုန်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် လိမ္မော်သီးအနှစ် စားပွဲတင်ဇွန်းတစ်ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။ ထိုပါဝင်ပစ္စည်း နှစ်မျိုးစလုံးကို သမအောင် ရောမွှေပြီးတဲ့နောက်မှာတော့ သင့်ရဲ့မျက်နှာပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ ထို့နောက် မိနစ် ၃၀ ခန့် ထားထားလိုက်ပါ။ မိနစ် ၃၀ ပြည့်ပါက ဝါဂွမ်းစလေးဖြင့် သုတ်ကာ ဖယ်ရှားပေးလိုက်ပါ။

ဒီပေါင်းတင်နည်းကတော့ သင့်ရဲ့မျက်နှာပေါ်က အညစ်အကြေးများကို ဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်စေပါတယ်။ တစ်ရက်ခြားတစ်ခါခန့် ပြုလုပ်ပေးဖို့တော့ လိုပါလိမ့်မယ်။

Source: Stylecraze.com

By MyStyle Myanmar