အားလုံးပဲမင်္ဂလာပါနော်။ လူတစ်ယောက်နဲ့ တစ်ယောက် အကြိုက်တွေ၊ နေထိုင်ပုံတွေက ကွဲပြားကြပါတယ်။ ကိုယ်နှစ်သက်ရာတွေကို လိုက်ကြည့်ပြီး ကိုုယ့်ရဲ့ စိတ်နေစိတ်ထားက ဘယ်လိုလဲ ခန့်မှန်းလို့ရပါတယ်။ ဒီတစ်ခေါက်မှာတော့ လိမ္မော်ရောင်ကို နှစ်သက်တဲ့ မိန်းကလေးတွေအတွက် လိမ္မော်ရောင်ဝတ်ဆင်ပုံနဲ့ စိတ်နေစိတ်ထားကို ဖော်ပြပါရစေ။
၁။ သင်က ပျော်ပျော်နေတတ်ပါတယ်။
၂။ လူအသစ်တွေနဲ့ ပေါင်းသင်းဆက်ဆံရတာကို နှစ်သက်သူပါ။
၃။ တစ်ခါတလေ နှလုံးသားကို ဦးစားပေးလွန်းတာကြောင့် ဒုက္ခရောက်တတ်ပါသေးတယ်။
၄။ လိမ္မော်နှစ်သက်သူတွေက ပေါင်းသင်းဆက်ဆံရေးကောင်းမွန်တာကြောင့် လူအများနဲ့ ဆက်ဆံရတဲ့ လုပ်ငန်းတွေမှာ အဆင်ပြေကြပါတယ်။
၅။ တီထွင်နိုင်စွမ်းလည်း မြင့်မားကြပါတယ်။
၆။ အခြားလူတွေနဲ့ ညှိနှိုင်းပြီး လိုက်လျောညီထွေ နေထိုင်တတ်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar