“ပထမဆုံးချိန်းတွေ့ခြင်း” ဆိုတဲ့ စကားလုံးက တကယ်ကို စိတ်လုပ်ရှားတွေနဲ့ပြည့်နေတဲ့ စကားလုံးပါပဲ။ ပထမဆုံးချိန်းတွေ့တဲ့အခါ အဆင်မပြေနိုင်၊ စိတ်အနှောက်အယှက်တွေလည်း ဖြစ်နိုင်သလို စိတ်လှုပ်ရှားစရာ၊ ရင်ခုန်စရာတွေလည်း ဖြစ်နိုင်ပါတယ် ပထမဆုံးစတွေ့တဲ့အချိန် စိတ်ပေါ့ပါးနေစေချင်ရင် ဘာသာရေး၊ နိုင်ငံရေး၊ အစရှိတဲ့ အကြောင်းအရာတွေက ရှောင်ဖို့ အကောင်းဆုံးဆိုတာ အားလုံးသိပြီးသားပါ။

ဒါကြောင့် ညစာစားတဲ့အချိ်န် ၊ ကော်ဖီအတူတူသောက်တဲ့အချိန်မျိုးတွေမှာ တစ်ယောက်ကိုတစ်ယောက် တကယ်သိဖို့ ပြောသင့်မေးသင့်တဲ့မေးခွန်းလေးတွေ ဝေမျှလိုက်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် စကားပြောဖို့ခက်နေရင် သူတို့ရဲ့ ဝါသနာ၊ သူတို့ရဲ့ စိတ်ဝင်စားမှုတွေကို မေးပါ။ အားကစား၊ ပန်းချီဆွဲတာ၊ အပြင်မှာ အချိန်ဖြုန်းတာ၊ စာဖတ်တာလား ဒါမှမဟုတ် အကလိုမျိုး လှုပ်ရှားမှုတွေကို နှစ်သက်တာလား ?

ငယ်စဉ်ကလေးဘဝက အတွေ့အကြုံတွေကို မျှဝေတာမျိုး မိသားစုဘဝနဲ့ ကလေးဘဝက အချက်အလက်တွေကို ပြောတာက တစ်ယောက်နဲ့တစ်ယောက် နားလည်မှုကိုဖော်ထုတ်ဖို့ ကူညီပေးနိုင်ပါတယ်။

တီဗီစီးရီးများအကြောင်း ပြောတာ ၊ ကြည့်သင့်တဲ့ ရုပ်ရှင်တွေကိုပြောပြတာ ၊ အကြိုက်ဆုံး စာအုပ်တွေအကြောင်းပြောတာက စကားစမြည်ပြောဆိုမှုကို ထိန်းထားစေနိုင်ပါတယ်။

လူတစ်​​ယောက်​အ​နေနဲ့ သူတို့ကြိုက်​တဲ့သီချင်း​တွေ​ပြော​နေ​ရင် ဒါက First Date အတွက်​ စကားဝိုင်း​ကောင်းတစ်​ခုဖြစ်​မှာ​သေချာပါတယ်​။

ဘဝနဲ့ဆိုင်တဲ့မေးခွန်းတွေ ၊ ရည်မှန်းချက်များ၊ မျှော်လင့်ချက်များနဲ့ ဆန္ဒများအကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုကြတာကလည်း တစ်ယောက်နဲ့တစ်ယောက် ပိုသိစေဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။

First Date အချိန်မှာ အစားအသောက်မပါဘူးဆိုရင် အကြိုက်ဆုံး စားသောက်ဆိုင်များ၊ အစားအစာများနဲ့ မုန့်ဖုတ်ဆိုင်များအကြောင်းပြောတာက Second Date သတ်မှတ်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။