ရုပ်ရှင်ကြည့်တဲ့အခါ မှုခင်း၊ သည်းထိတ်ရင်ဖို အမျိုးအစားကိုမှ ရွေးကြိုက်တယ်ဆိုတဲ့သူတွေအတွက် ထိပ်တန်း လျှို့ဝှက်ဆန်းကြယ်ပြီး ကြည့်ရတာ ထိတ်ထိတ်လန့်လန့်ဖြစ်စေတဲ့ သည်းထိပ်ရင်ဖိုဇာတ်လမ်းတချို့ကို ညွှန်းပေးချင်ပါတယ်။

The Call

Park Shin-hye နဲ့ Jeon Jong-seo တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်လမ်းက 2020 ကထွက်ခဲ့ပြီး 2011 2011 က ထွက်ခဲ့တဲ့ UK ရုပ်ရှင် ‘The Caller’ ကို ပြန်ရိုက်ထားတဲ့ တောင်ကိုရီးယားသည်းထိတ်ရင်ဖိုဇာတ်ကားပါ။

The Wailing

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Na Hong-jin ရိုက်တဲ့ တောင်ကိုရီးယားသရဲဇာတ်ကားပါ။ ဝေးလံခေါင်သီတဲ့ တောင်ကိုရီးယားအသိုက်အဝန်းက ရှင်းပြလို့မရတဲ့လူသတ်မှုအကြောင်းကို စုံစမ်းတဲ့ အတွေ့အကြုံမရှိတဲ့ စုံထောက်တစ်ဦးဖြစ်တဲ့ Jong-goo (Kwak Do-won) အကြောင်းကို ရိုက်ထားတာပါ။

The 8th Night

ဒီရုပ်ရှင်က ဒါရိုက်တာ Kim Tae-hyung ရိုက်ခဲ့တဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားပါ။ ဒီဇာတ်လမ်းက ကိုရီးယားဒဏ္ဍာရီ၊ ရိုးရာပုံပြင်တွေကို ခေတ်သစ်ပတ်ဝန်းကျင်တစ်ခုမှာ ပေါင်းစပ်ထားပြီး ယဇ်ပူဇော်ခြင်း၊ အပြစ်ဖြေတာတွေကို ထည့်ရိုက်ထားပါတယ်။

Memories of Murder

2003 ခုနှစ် ဒါရိုက်တာ Bong Joon-ho ရိုက်ခဲ့တဲ့ ကိုရီးယား မှုခင်းသည်းထိတ်ရင်ဖိုဇာတ်ကား ‘Memories of Murder’ က တကယ်ကိုကောင်းတဲ့ဇာတ်ကားတစ်ကားလို့ သတ်မှတ်ခံခဲ့ရပြီး ဇာတ်ကားပါ။ ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံရိုက်ထားတာပါ။

စုံထောက် Park Doo-man (Song Kang-ho) နဲ့ စုံထောက် Seo Tae-yoon (Kim Sang-kyung) တို့ ရဲ့ သေးငယ်တဲ့ ကျေးလက်မြို့လေးမှာ တွေ့ရခဲတဲ့ နံပါတ်စဉ်လူသတ်သမားကို ရှာတာကို အလေးပေးရိုက်ကူးထားပါတယ်။

Forgotten

ဒီဇာတ်လမ်းက ဒါရိုက်တာJang Hang-jun ရိုက်ကူးခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်မှု၊ သည်းထိတ်ရင်ဖိုစရာနဲ့ စိတ်ပိုင်းဆိုင်ရာ လှည့်စားမှုတွေပါတဲ့ 2017 တောင်ကိုရီးယားသည်းထိတ်ရင်ဖိုဇာတ်ကားပါ။ ထိတ်လန့်တကြားဖြစ်ရသည့် ခံစားချက်ကိုလုံးဝရစေခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။