ရာသီဥတုက တဖြေးဖြေး ပူလာတယ်လို့ ခံစားမိကြမယ်ထင်ပါတယ်။ ဟုတ်ပါတယ် အခုလိုပူတဲ့အချိန်မျိုးမှာ ဖုန်တွေ ၊ ချွေးနဲ့ နေရောင်ဟာ သင့်ရဲ့ ပုံပန်းသွင်ပြင်ကို တရိရိ ပွတ်တိုက်ဖျက်ဆီးတော့မှာဖြစ်လို့ အသားအရေ ပျက်စီးနိုင်ခြေပိုများပါတယ်။ ဒါကြောင့် နေလောင်ပျက်စီးမှုတွေ ကာကွယ်နိုင်ဖို့ အလှအပချစ်သူတိုင်း ဆောင်ထားသင့်တဲ့ အလှအပဆိုင်ရာပစ္စည်းတွေ က ဘာတွေလဲဆိုတာ ပြောပြပေးချင်ပါတယ်။
(၁) Toner
ရေချိုးပြီးတိုင်းမှာ Toner တစ်စက်နှစ်စက်လောက်ကို ဂွမ်းဖတ်ပေါ် လောင်းချပြီး မျက်နှာကို ပွတ်ပေးသင့်ပါတယ်။ ဒါဆို မျက်နှာပေါ်က မလိုအပ်တဲ့ အဆီပြန်မှုတွေ ၊ အညစ်အကြေး နဲ့ မျက်နှာကြမ်းတမ်းမှုတွေ ဖယ်ရှားသန့်စင်ပေးသွားမှာပါ။
(၂) Deodorant
ချွေးသိပ်မထွက်ပါဘူးဆိုတဲ့သူတောင် နွေရာသီမှာ ကိုယ်ခန္ဓာကနေ ချွေးနံ့ဆိုး မထွက်စေဖို့ Deodorant လိမ်းပေးဖို့လိုပါတယ်။ ချွေးနံ့ပျောက်ဆေးဝယ်မယ်ဆိုရင် alcohol မပါဘဲ အနံ့သိပ်မပြင်းတဲ့ ထုတ်ကုန်မျိုး ပိုရွေးဖို့ အကြံပေးချင်ပါတယ်။
(၃) Sunscreen
နေရောင်အောက်မှာ သွားလာနေရသူဟာ နှစ်နာရီကြာတိုင်း နေလောင်ခံ Sunscreen လိမ်းပေးသင့်ပါတယ်။ UVA နဲ့ UVB ရောင်ခြည် နှစ်မျိုးစလုံးက ကာကွယ်ပေးနိုင်တဲ့ နေလောင်ခံလိမ်းဆေး သုံးသင့်ပါတယ်။ SPF 30 နဲ့ အထက် Sunscreen တိုင်းက နွေရာသီမှာ ပုံမှန်သုံးသင့်တဲ့ အလှကုန်တွေပါ။