မိန်းကလေးဆိုတာနဲ့ပဲ အကုန်လုံးက အတူတူပဲမထင်လိုက်နဲ့ဆိုပြီးတော့ လူအများစုပြောလေ့ရှိပါတယ်။ ဟုတ်ပါတယ်၊ သူ့အကြိုက်၊ ကိုယ့်အကြိုက်၊ သူမကြိုက်တာ၊ ကိုယ်မကြိုက်တာ၊ သူ့ပုံစံ၊ ကိုယ့်ပုံစံ စသဖြင့် ကွာခြားနိုင်ပါတယ်။ ဒါပေမယ့်လည်း မိန်းကလေးတိုင်းမှာရှိတဲ့ ဆံပင်နဲ့ ပတ်သက်တဲ့ပြဿနာဆိုရင်တော့ အကုန်လုံးခေါင်းညိတ်ကြမှာပါ။ ဆံပင်တိုထားတဲ့ ပျိုမေလေးတွေတော့ မပါဘူးပေါ့နော်။

အခုပြောပြပေးမယ့် ပြဿနာတွေက ဆံပင်ရှည်ထားဖူးတဲ့ ပျိုမေလေးတွေဆိုရင် နားလည်သဘောပေါက်မှာဖြစ်ပြီး ဖတ်နေရင်းနဲ့ကို ခေါင်းညိတ်သဘောတူမှာသေချာပါတယ်။ ဒီပြဿနာတွေထဲက ဘယ်တစ်ခုကတော့ ကိုယ်ကြုံခဲ့ဖူးလဲဆိုတာကိုလည်း ပြောပြခဲ့ပါအုံးနော်။

ခေါင်းစည်းကြိုးတွေကြာကြာမခံတဲ့ပြဿနာ

ဓာတ်ပုံရိုက်တိုင်း ဒီလိုလေးတော့ဖြစ်လိုက်ရမှ

အစားစားတော့မယ်ဆိုရင် သူ့ကိုဘေးဖယ်ရတာကလည်း တစ်လုပ်

လေတိုက်တဲ့ရက်တွေဆို ဘေးလူတွေက တောင်းပန်ရပြီ

ကားတံခါးဆိုသိပ်မဖွင့်ရဲဘူး

ခေါင်းစည်းကြိုးတိုင်း သုံးစားမရဘူး

ဆံပင်ရှည်လွန်းသူတွေရဲ့ပြဿနာ

ဘီးတွေဆို ကျိုးကုန်တာ ဘယ်နှစ်ချောင်းမှန်းမသိတော့ဘူး

နေကာမျက်မှန်ပျောက်မှာ ပူစရာမလိုတော့ဘူး

လေတိုက်တဲ့ရက်တွေဆို ဆယ်လ်ဖီကောင်းကောင်းဆွဲမရဘူး

သီချင်းနားထောင်တိုင်းလည်း ဒီလိုမျိုးတော့ ငြိလိုက်ရမှ

သူများတွေလို ဆံထုံးလှလှထုံးချင်ပါသော်လည်း…

Source: BrightSide