၁။ တစ်ယောက်ယောက်က သင့်ကို စိတ်ဝင်စားလို့ ကြည့်နေတယ်ဆိုရင်တောင် သင်ကဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ကျောက်ရုပ်ကြီးလိုဖြစ်သွားတယ်။

Photo Source: www.history.com

၂။ လူအများနဲ့ ပေါင်းသင်းဝင်ဆံ့ပြီး စကားအရမ်းများတဲ့ သင့်ကိုမရပ်မနားစကားပြောနေရင် သူကိုစကားဆက်မပြောအောင် စကားစ ဘယ်လိုဖြတ်ရမလဲ မသိဘူး။

၃။ လူအများက သင်နဲ့ စကားစမြည်ပြောချင်ပေမဲ့ သင်ကပြောဖို့ စိတ်မပါတတ်ဘူး။

၄။ သင်တစ်ယောက်တည်း အေးအေးဆေးဆေးအနားယူနေတဲ့ အချိန်ကိုမှ လာနှောင့်ယှက်ပြီး စကားလာပြောကြရင် သင့်မှာ ပြန်ပြောစရာစကားမရှိ ဖြစ်တတ်တယ်မလား။

၅။ တစ်ခါတစ်လေမှာ ကိုယ့်လိုပဲ စကားနည်းတဲ့ Introvert တစ်ယောက်နဲ့ စကားပြောရတာက ကသိကအောက်နိုင်လှသလို၊ တစ်ခါတလေကျရင်လည်း ရင်ဘတ်ချင်းနီးသွားသလိုလည်း ခံစားရတယ်။

၆။ လိုင်းပေါ်မှာ ရင်းနှီးတဲ့သူနဲ့ အပြင်မှာပထမဆုံးတွေ့တဲ့အခါ ဘာပြောလို့ ပြောရမှန်းမသိဖြစ်တတ်ကြသေးတယ်။

၇။ ကသိကအောက်နိုင်လှတဲ့ တိတ်ဆိတ်မှုကို ဖျောက်ဖို့ အတွက် ကိုယ်က စကားစပြောလိုက်ရင်လည်း အထူးအဆန်းတွေကို ဖြစ်လို့။

၈။ တစ်ခါတစ်လေမှာ ကိုယ်တစ်ယောက်တည်း အတွေး ရေယာဉ်ကြောထဲနစ်နေတဲ့ အချိန်မှာ တစ်ဖက်လူက ဘာပြောလိုက်မှန်းမသိလို့ ပြန်မေးရပေါင်းလည်းများပြီ။

၉။ တစ်ခါတစ်လေ ခပ်ချောချောကောင်လေး၊ ကောင်မလေးတွေကိုတွေ့လို့ စကားပြောချင်ပေမဲ့ ဘယ်ကစပြောရမှန်းမသိလို့ သူတို့ ကိုယ့်စိတ်ကို ဖတ်တတ်သယောင် စိုက်ကြည့်တတ်ကြတယ်။ တစ်ဖက်လူကလည်း ဘယ်လိုလုပ်နားလည်မလဲ၊ အဲ့လိုကနေ ကိုယ့်အနာဂတ်ရည်းစားလောင်းလေးက ကိုယ့်ဘဝကနေ အပြီးအပိုင်ထွက်သွားကြရော။

၁၀။ သူငယ်ချင်းအများကြီးအုပ်စုဖွဲ့ပြီး စကားစမြည်ပြောနေရင်လည်း ကိုယ့်စကားကတိုးမပေါက်တာမျိုး။ ကိုယ်ကတစ်ခုခုပြောမယ်ကြံလိုက် တခြားတစ်ယောက်ကဖြတ်ပြောလိုက်နဲ့ ကြာလာတော့ စိတ်ကုန်ပြီး သူတို့ ပြောတာပဲ နားထောင်လိုက်ရတဲ့ အဖြစ်တွေလည်း ခဏခဏ ကြုံဖူးကြတယ်။

၁၁။ စကားလုပြောရရင်လည်း စကားလုံးတွေက ကမှောက်ကမှတွေဖြစ်ပြီး အစီအစဉ်မကျတော့ဘူး။

Photo source: icons8.com

၁၂။ သင်သွားနေကျ အားကစားခန်းမ၊ ကော်ဖီဆိုင်တွေကို မသွားတော့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ လူတွေက သင့်ကို မျက်မှန်းတန်းမိနေကြပြီးတော့ လာစကားပြောတာကို မကြိုက်လို့။

Photo Source: medium.com

၁၃။ ဓာတ်လှေကားထဲမှာ မရင်းနှီးတဲ့ အိမ်နီးချင်းနဲ့ စက္ကန့်သုံးဆယ်လောက်အတူစီးရတာလည်း စိတ်ကြဉ်းကြပ်လိုက်တာ ပြောမနေနဲ့။

၁၄။ သူငယ်ချင်းတွေက အပြင်သွားဖို့ခေါ်ရင်လည်း သင့်မှာငြင်းဆန်ဖို့ အကြောင်းပြချက်တွေ မရှိတော့တာလည်း စိတ်ညစ်ရတယ်။

၁၅။ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာကိုလာစပြောကြည့် စကားအများဆုံးလူကလည်း ကိုယ်ပဲ ဖြစ်နေတတ်တယ်။

Source: introvertdear.com