ဆားဝက်ခြံဆိုတာ တော်တော်များများကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုပါ။ ဒီဆားဝက်ခြံပြဿနာကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေကတော့ အများကြီးရှိပါတယ်။

အဲ့ဒီထဲကမှ ဘေးဥပါဒ်မဖြစ်ပဲ ဆားဝက်ခြံတွေကို အချိန်တိုအတွင်းမှာ သက်သာပျောက်ကင်းသွားစေမယ့် သဘာဝနည်းလမ်းလေးကို ရွေးချယ်ပြီး ဖော်ပြပေးလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ ရေနွေးကိုပွက်ပွက်ဆူအောင် တည်ထားလိုက်ပါ။ ရေနွေးပွက်ပွက်ဆူလာပြီဆိုတာနဲ့ စတီးဇလုံထဲပြောင်းထည့်ပြီး မျက်နှာကို ရေနွေးငွေ့ဟပ်အောင် လုပ်ပေးရမှာပါ။ မျက်နှာကို ရေနွေးငွေ့ဟပ်အောင် ဇလုံနားမှာမျက်နှာကို ၁၀ မိနစ်လောက် အပ်ထားလိုက်ပါ။

ဒုတိယတစ်ဆင့်အနေနဲ့ မုန့်ဖုတ်ဆိုဒါ – လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ရေသန့် – လက်ဖက်ရည်ဇွန်း တစ်ဇွန်း တို့ကိုရောမွှေလိုက်ပါ။ ပြီးရင်တော့ နှာခေါင်းက ဆားဝက်ခြံရှိတဲ့နေရာမှာ ၃ မိနစ်လောက် ပွတ်လိမ်းပေးပါ။ အချိန်ပြည့်ရင်တော့ ရေဆေးချလိုက်ပါ။

တတိယအဆင့်အနေနဲ့ ကြက်ဥတစ်လုံးကိုဖောက်ပြီး အကာကိုပဲယူပြီးခလောက်ပေးပါ။ ပြီးရင်တော့ ခလောက်ထားတဲ့ ကြက်ဥအကာအရည်တွေကို Brush နဲ့ယူပြီး နှာခေါင်းက ဆားဝက်ခြံရှိတဲ့နေရာမှာ လိမ်းပေးပါ။

လိမ်းပြီးရင်တော့ တစ်ရှူးဖတ်လေးတွေကို နှာခေါင်းမှာကပ်ထားပြီး အဲ့အပေါ်မှာမှ ကြက်ဥအကာကို ထပ်သုတ်လိမ်းပေးပါ။ မိနစ် ၂၀ ထားပြီး အချိန်ပြည့်ရင် ရေဆေးချလိုက်ပါ။

နောက်ဆုံးမှာတော့ ဆားဝက်ခြံတွေကို ယူပစ်လိုက်သလို သိသိသာသာပျောက်သွားတာကို တွေ့ရမှာပါ။