ကြိုးတစ်လုံးဂါဝန်တွေကို ဒီတိုင်းဝတ်လို့ရသလို ချစ်စရာကောင်းအောင် အင်္ကျီတစ်ထပ်ခံဝတ်တာမျိုးလေးလည်း ဝတ်လို့ရပါတယ်။ တော်တော်များများက တီရှပ်အဖြူလေးတွေ ခံဝတ်ကြပေမယ့် တခြားအင်္ကျီလေးတွေနဲ့လည်း ချစ်ဖို့ကောင်းအောင် ခံဝတ်လို့ရပါတယ်။ ဒါကြောင့် ဘယ်လိုဝတ်မလဲဆိုတဲ့ Outift Idea လေးတွေကို မျှဝေပေးလိုက်ပါတယ်။

ရှပ်အင်္ကျီအဖြူလေးနဲ့ ဒီလိုတွဲဝတ်တာလေးကတော့ ကိုရီးယားဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။

တခြားအင်္ကျီအဖြူ လက်ရှည်လေးတွေနဲ့ ဒီလိုတွဲဝတ်တာမျိုးက သူများနဲ့မတူပဲ လှပပြီး ချစ်ဖို့လည်း ကောင်းပါတယ်။

ကြိုးတစ်လုံးဂါဝန်လေးတွေကို ပေါ့ပေါ့ပါးပါးနဲ့ ချစ်ဖို့ကောင်းအောင် ဝတ်မယ်ဆိုရင်တော့ တီရှပ်လက်တို အဖြူလေးတွေနဲ့သာ တွဲဝတ်လိုက်ပါ။

ကိုရီးယားဆန်ပြီး ချစ်ဖို့ကောင်းတာမျိုးလေးကို သဘောကျရင်တော့ ကြိုးတစ်လုံးဂါဝန်လေးတွေကို ချစ်စရာကောင်းတဲ့ လက်ဖောင်းအင်္ကျီလေးတွေ ခံပြီးတော့ ဝတ်ကြည့်ပါ။

ကြိုးတစ်လုံးဂါဝန် အတိုလေးတွေ ဝတ်မယ်ဆိုရင်တော့ Body Fit အဖြူလေးတွေ ခံပြီးတော့ ဝတ်ကြည့်ပါ။ ကိုရီးယားဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။

ကြိုးတစ်လုံးဂါဝန်အရှည် ဗြောင်တွေကို အောက်ကနေ ရှပ်အင်္ကျီနဲ့ ဒီလိုလေးတွဲဝတ်တာလည်း တစ်မျိုးလေးဆန်းပြီး ချစ်ဖို့ကောင်းတာပါပဲ။

ဂါဝန်အတိုလေးတွေကို ချစ်စရာကောင်းတဲ့ အင်္ကျီအဖြူလေးတွေ ခံပြီးတော့ ဝတ်လိုက်မယ်ဆိုရင်တော့ လူငယ်ဆန်ဆန်နဲ့ အရမ်းချစ်ဖို့ကောင်းမှာပါ။

ဒီ Outfit လေးဆိုရင် ချစ်ဖို့ကောင်းသလို စတိုင်လ်လည်းကျတဲ့ပုံစံလေးပါ။ အဖြူနဲ့အနက်ကို တွဲဝတ်တာတော့ ပိုပြီးလိုက်ဖက်ပါတယ်။

ကြိုးတစ်လုံးဂါဝန်ကိုမှ အကျပ်လေးဆိုရင် အောက်က Top အဖြူရောင် ကိုယ်ကျပ်လေးနဲ့ တွဲဝတ်ပြီး သူများထက် နည်းနည်းလေးပိုဆန်းသွားအောင် ခါးပတ်လေး ပတ်လိုက်ပါ။ ဖက်ရှင်ကျပြီး ချစ်ဖို့ကောင်းနေမှာပါ။

Photo source:www.pinterest.com