ဖက်ရှင်ကို လေ့လာဆန်းစစ်နေသူတွေအဖို့တော့ ဘယ်လို Trend တွေပဲ ပေါ်လာပေါ်လာ စိတ်ဝင်စားစရာကောင်းနေတာချည်းပါပဲ။ နေ့စဥ်အပြင်ကိုသွားလာနေရသူတွေ၊ ရုံးတက်နေရသူတွေနဲ့ ပွဲလမ်းသဘင်တွေ သွားလာနေရသူတွေအတွက်တော့ ဖက်ရှင်ကို အမြဲမပြတ်လေ့လာနေရပါတယ်။

မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်မှာမှ တင်၊ ခါး၊ ခြေထောက်အပြင် နောက်ထပ်ဆွဲဆောင်မှုရှိတဲ့နေရာတစ်ခုကတော့ လည်ပင်းတစ်ဝိုက်က ညှပ်ရိုးပါပဲ။ ဒီလိုညှပ်ရိုးကို ပေါ်လွင်စေတဲ့ ဒီဇိုင်းအမျိုးမျိုးရှိတဲ့အထဲကမှ Off Shoulder မဟုတ်တဲ့ One Shoulder ဖက်ရှင်လေးတွေကို စုစည်းဖော်ပြပေးချင်ပါတယ်။

One Shoulder အကျီလေးတွေကို ဘောင်းဘီအပွနဲ့ စမတ်ကျကျဝတ်မလား၊ ဘောင်းဘီတိုလေးတွေနဲ့ ပေါပေါ့ပါးပါးဝတ်မလား၊ စကပ်လေးတွေနဲ့တွဲပြီး လှလှလေးနေမလား ဒါမှမဟုတ် ဂျင်းဘောင်းဘီလေးတွေနဲ့ရော တွဲဝတ်အုံးမလား၊ လေဒီကြိုက်ရာရွေးလို့ရပါတယ်။

Source: Pinterest