[Zawgyi]
မနက္စာ
နေ့လည်စာမစားခင်
နေ့လည်စာ
အစာပြေ
ညစာ
သတိပြုရန်
သတိပြုရမည့်အချက်
[Unicode]
မနကျစာ
မနက်စာကို ရေခွက်အကြီးနဲ့တစ်ခွက် (သို့) သဘာဝဖျော်ရည်တစ်ခွက် သောက်ပေးပါ။ အသီးတွေ စားနိုင်သလောက်စားပါ။ အသီးဖျော်ရည်တွေ သောက်နိုင်သလောက်သောက်ပါ။
နေ့လည်စာမစားခင်
ရေခွက်အကြီးနဲ့တစ်ခွက် (သို့) ရေနွေး (သို့) သဘာသစ်သီးဖျော်ရည် သောက်ပါ။ ပြီးရင် အသီး ၂ လုံးလောက်စားပေးပါ။ လိမ္မော်သီးနဲ့ ပန်းသီး အဲဒီလိုမတူညီတဲ့ အသီးကိုလည်းရောပြီးစားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အသီးတွေမှာ ရေဓါတ်အများဆုံးပါဝင်လို့ပါ။
နေ့လည်စာ
နေ့လည်စာမစားခင် ရေခွက်အကြီးနဲ့ တစ်ခွက်သောက်ပါ။ အရက်စိမ်းသုတ်စားပါ။
အစာပြေ
ရေခွက်အကြီးတစ်ခွက် (သို့) ရေနွေးကြမ်း (သို့) သဘာဝသစ်သီးဖျော်ရည်သောက်ပါ။ ပြီးရင် နွားနို့ (သို့) ဒိန်ချည် တစ်ခွက်သောက်ပါ။
ညစာ
ရေခွက်အကြီးနဲ့တစ်ခွက်သောက်ပါ။
ပြီးရင် ကြက်သား ၁၀၀ ဂရမ် (သို့) ငါး ၁၅၀ ဂရမ် (သို့) ကြက်ဥတစ်လုံးကို ဟင်းသီးဟင်းရွက် အသီးတွေနဲ့ ရောပြီးစားပေးပါ။
သတိပြုရန်
ဒီနည်းလို အစားလျှော့စားတာကို တစ်ပတ်လောက် မလုပ်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ အဟာရဓါတ်မမျှတာမျိုးဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် တစ်ရက်လုပ် တစ်ရက်နားလုပ်ပေးနိုင်ပါတယ်။ ရေရှည်သမားတွေအတွက် ရည်ရွယ်တာမဟုတ်ပါဘူး။ မင်္ဂလာဆောင်သွားစရာရှိလို့ ဘွဲ့ယူစရာရှိလို့ ဒါမဟုတ် တစ်နေရာသွားမှာမို့ အလောတကြီး ဝိတ်ချချင်သူအတွက် ရည်ရွယ်တာဖြစ်ပါတယ်။
သတိပြုရမည့်အချက်
တစ်နေ့ကို အနည်းဆုံး ရေ ၈ ခွက်သောက်ပေးပါ။ အသီးနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားပေးပါ။
Credit: healthyfoodproteam.com