ကိုရီးယားကားတွေကို စဥ်ဆက်မပြက် အားပေးတတ်တဲ့ အမာခံပရိတ်သတ်တွေအနေနဲ့ တောင်ကိုရီးယားနိုင်ငံ ထိပ်သီးမင်းသမီးတွေထဲက တစ်လက်ဖြစ်တဲ့ Soo Ae ကို သိကြမှာပါ။ သူမရဲ့မွေးနေ့ကတော့ ၁၉၇၉ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့ဖြစ်ပြီး လက်ရှိမှာ အသက် ၄၂ နှစ်ရှိပါပြီ။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ Gwanak ခရိုင်မှာ မွေးဖွားခဲ့တာဖြစ်ပြီး အရပ်အမြင့် ၁၆၈ စင်တီမီတာ၊ ကိုယ်အလေးချိန် ၄၆ ကီလိုဂရမ်နဲ့ သွေးအမျိုးအစားကတော့ အေသွေးပိုင်ရှင်ဖြစ်ပါတယ်။ မိသားစုအနေနဲ့ မိဘနှစ်ပါးနဲ့ မောင်တစ်ယောက်ရှိပါတယ်။

ငယ်စဥ်အချိန်တုန်းက မိသားစုစီးပွားရေးမပြေလည်တဲ့အပြင် ဖခင်က ဖိနပ်ပြင်သူတစ်ယောက်အဖြစ် လုပ်ကိုင်တဲ့အတွက် သူမရဲ့သရုပ်ဆောင်ဘဝကို ထိခိုက်မှာမိဘတွေက စိုးရိမ်ကြပေမယ့်လည်း သူမကတော့ သမီးကြီးဖြစ်တာနဲ့အညီ ရှက်ရွံ့မှုတချက်မရှိဘဲ ပွင့်ပွင့်လင်းလင်း နေထိုင်ခဲ့ပါတယ်။

သူမရဲ့ လူသိများတဲ့ဇာတ်လမ်းတွေကတော့ High Society, Sweet Stranger and Me, A Thousand Days’ Promise, King of Ambition, Mask, Sunny တို့ပဲဖြစ်ပါတယ်။

Source: Pinterest