တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး ကလေးသရုပ်ဆောင်တွေထဲက တစ်ဦးအပါအဝင်ဖြစ်တဲ့ Kim So Hyun ကိုတော့ ယောကျ်ားလေးတွေသာမကပဲ မိန်းကလေးတွေကပါ ချစ်ကြတာကိုတွေ့ရပါတယ်။

အရမ်းချစ်စရာကောင်းတဲ့သူမရဲ့အသက်ကတော့ အခုမှ ၂၁ နှစ်ပဲရှိပါသေးတယ်။ ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်နေတဲ့သူမရဲ့ ရိုးရိုးလေးနဲ့ချစ်စရာကောင်းတဲ့ဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

သူမရဲ့ဖက်ရှင်လေးတွေဟာ မိန်းကလေးတိုင်းလိုက်ဝတ်လို့ရတာလေးတွေပါ။

ဂျင်းဘောင်းဘီရှည်လေးကို ချစ်စရာကောင်းတဲ့ ရှပ်အင်္ကျီလက်ရှည်လေးတွေနဲ့တွဲဝတ်တာဟာ ရိုးရိုးလေးနဲ့ချစ်စရာကောင်းစေတဲ့ Kim Sae Ron ရဲ့ဖက်ရှင်လေးပါ။

နောက်ပိုင်းမှာခေတ်စားလာတဲ့ ခြေမျက်စိအထက်ရှိတဲ့ ဂျင်းဘောင်းဘီလေးတွေကို ချစ်စရာကောင်းတဲ့အင်္ကျီလေးတွေနဲ့တွဲဝတ်ပြီး ဒေါက်ဖိနပ်လေးစီးထားတာကလည်း အရမ်းချစ်စရာကောင်းပါတယ်။

ခေါင်းစွပ်အင်္ကျီလက်ရှည်လေးတွေကို ရိုးရိုးစကပ်လေးတွေနဲ့တွဲဝတ်ပြီး ဘွတ်ဖိနပ်လေးစီးထားတဲ့ သူမရဲ့ဖက်ရှင်လေးကတော့ လူငယ်ဆန်ပြီးချစ်စရာကောင်းစေပါတယ်။

Shoulder Off အင်္ကျီလေးတွေကို မီနီစကပ်လေးတွေနဲ့ဖြစ်ဖြစ်၊ ဘောင်းဘီရှည်၊ ဘောင်းဘီတိုနဲ့ပဲဖြစ်ဖြစ် တွဲဝတ်တာကလည်း မိန်းကလေးဆန်ဆန်နဲ့ ချစ်စရာကောင်းစေပါတယ်။ ဒီဖက်ရှင်လေးကလည်း မိန်းကလေးတိုင်းလိုက်ဝတ်လို့ရတဲ့ ဖက်ရှင်လေးပါ။

ချစ်စရာကောင်းတဲ့ဂါဝန်လေးတွေကို လုံလုံခြုံခြုံလေးဝတ်ပြီး ဒေါက်ဖိနပ်လေးတွေစီးတာကလည်း Kim Sae Ron ရဲ့ ရိုးရှင်းတဲ့ဖက်ရှင်လေးပါ။ မိန်းကလေးတိုင်းနဲ့လည်း လိုက်ဖက်တဲ့ဖက်ရှင်လေးပါ။

ဂျင်းဘောင်းဘီတိုလေးတွေကို ရိုးရှင်းလုံခြုံံံံတဲ့ တီရှပ်အင်္ကျီလေးတွေနဲ့တွဲဝတ်ပြီး ခြေညှပ်ဖိနပ်လေးစီးတာဟာ Kim Sae Ron ရဲ့ဖက်ရှင်လေးပါ။ သူမရဲ့ဒီဖက်ရှင်လေးတွေကတော့ ရိုးရိုးလေးနဲ့ဆွဲဆောင်မှုရှိစေပါတယ်။

မိန်းကလေးဆန်ပြီးချစ်စရာကောင်းတဲ့အင်္ကျီလေးတွေကို ချစ်စရာကောင်းတဲ့စကပ်အကားလေးတွေနဲ့ တွဲဖက်ဝတ်ဆင်တာဟာ ရိုးရှင်းပြီးဆွဲဆောင်မှုပိုရှိစေပါတယ်။

အခုဖော်ပြပေးလိုက်တဲ့ Kim Sae Ron ရဲ့ဖက်ရှင်လေးတွေဟာ ရိုးရှင်းပြီးချစ်စရာကောင်းတဲ့အပြင် မိန်းကလေးတိုင်းလည်း အလွယ်တကူလိုက်ဝတ်လို့ရတာလေးတွေဖြစ်လို့ သဘောကျနှစ်သက်မယ်လို့ ထင်ပါတယ်။

Image Source: pinterest