မျက်နှာပေါ်က အရေးအကြောင်းတွေကို မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ဖယ်ရှားလို့ရပါတယ်။ အခုပြောပြမဲ့နည်းလမ်းက အသားအရေကို အာဟာရဓါတ်တွေ ဖြည့်တင်းပေးမှာမို့ အရေပြားပေါ်က အရေးကြောင်းတွေ လျော့ချပေးနိုင်မှာဖြစ်ပြီး အရွယ်တင်နုပျိုစေမှာဖြစ်ပါတယ်။

တစ်ပတ်အတွင်းမှာ ရလဒ်ကောင်းတွေရရှိလာမှာမို့ လုံခြုံစိတ်ချမှုအပြည့်ရှိတဲ့ သဘာဝပါဝင်ပစ္စည်းနဲ့ မိမိအိမ်မှာ အခုပဲပြုလုပ်လိုက်ကြရအောင်ပါ။

ပါဝင်ပစ္စည်း

  • ကြက်ဥအနှစ် ၁ လုံး
  • ဗာဒံဆီ (သို့) သံလွင်ဆီ ၂ ဇွန်း
  • အရည်အသွေးကောင်းတဲ့ ပျားရည် ဇွန်း တစ်ဝက်
  • Medical Vaseline (Vaseline အလှကုန်ပစ္စည်း) လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

ပထမဆုံး Vaseline ကို ၂ မိနစ်လောက် ရေနွေးငွေ့နဲ့ အပူပေးပြီး အရည်ပျော်အောင်လုပ်ပါ။

အရည်ပျော်သွားရင် အပူကနေ ဖယ်ရှားပေးပြီး တခြားပါဝင်ပစ္စည်းတွေထည့်ပါ။

သေသေချာချာ ရောနှောသွားဖို့ ၂ မိနစ်လောက် မွှေပေးပါ။

အဲဒီနောက် ရလာတဲ့ ခရင်မ်ကို ခွက်တစ်လုံးထဲ ထည့်ပေးပါ။

အသုံးပြုနည်း

ပထမဆုံး မျက်နှာကိုသန့်ရှင်းရေးလုပ်ပြီး စောစောကပြုလုပ်ထားတဲ့ ခရင်မ်ကို ညင်သာစွာပွတ်လိမ်း နှိပ်နယ်ပေးပါ။ နောက် နာရီဝက်လောက်ထားပြီး ဝါဂွမ်းကို ရေနွေးဆွတ်ပြီး သုတ်ပေးပါ။

သတိပြုရန်

ဒီခရင်မ်ကို အိပ်ယာမဝင်ခင် ၂ နာရီလောက်အလိုမှာ ပြုလုပ်ပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ခရင်မ် အသားအရေထဲကိုဝင်သွားဖို့ ၁ နာရီကျော် အချိန်ယူရပါတယ်။

ခရင်မ်ကို ရေခဲသေတ္တာထဲထည့်ထားပါ။ လက်တွေ့လုပ်ဆောင်ကြည့်ပြီး ရလဒ်ကို သဘောကျနှစ်သက်တယ်ဆိုရင် နောက်ထပ်ခရင်မ်ကို ထပ်လုပ်လို့ရပါတယ်။ ဒါပေမဲ့ ပါဝင်ပစ္စည်းအားလုံးကို နှစ်ဆ ထည့်မသုံးဖို့တော့ လိုပါတယ်နော်။