အရောင်တစ်ရောင်တည်း ဆိုးရတဲ့ လက်သည်းနီတွေက အိမ်မှာ ဆိုးရုံပဲမို့ အချိန် သိပ်မပေးချင်တဲ့ ပျိုမေတို့အတွက် အသုံးဝင်သလို သိပ်လည်း စဉ်းစားစရာ မလိုတော့ပါဘူး။ လက်သည်းနီအရောင်တွေက ရွေးတတ်ရင် ရွေးတတ်သလို ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့ အရောင်တွေကို ရှာတွေ့နိုင်မှာပါ။

သင့်အနေနဲ့ လက်သည်းနီ ဆိုးရတာကို နှစ်သက်သူဆိုရင် သာမာန် ဈေးသက်သာတဲ့ လက်သည်းနီ အမျိုးအစားတွေထက် အရည်အသွေးကောင်းပြီး လက်သည်းကို ရေရှည် မထိခိုက်စေမယ့် လက်သည်းနီမျိုးကို ရှာစုသင့်ပါတယ်။ အရောင်မှန်ပြီး ကြာရှည်ခံတဲ့ လက်သည်းနီတွေက သင့် ကို အချိန်ကုန် သက်သာစေမှာပါ။ ဒီတစ်ခေါက်မှာတော့ အရောင် တစ်ရောင်တည်း ပေမယ့် ပျိုမေတိုင်းရဲ့ လက်ကလေးတွေကို ပိုထူးခြားပြီး လှသွားစေမယ့် လက်သည်းနီ အရောင်တွေကို ဖော်ပြပါရစေ။

လက်သည်းနီ ခဏခဏ ဆိုးတဲ့ ပျိုမေတွေအနေနဲ့ တစ်ခါတလေ လက်သည်းကို အနားပေးဖို့လည်း မမေ့သင့်ပါဘူး။ ဒီလိုမှ သင့်လက်သည်းအတွက် လေဝင်လေထွက် ဖြစ်ပြီး လက်သည်းခွံ ကျန်းမာစေမှာပါ။

လက်သည်းဝါတာတွေ မဖြစ်လာအောင် သံပရာသီးနဲ့ ပုံမှန်လေး ပွတ်ပေးဖို့လည်း လိုအပ်ပါတယ်။ သံပရာသီးနဲ့ ပွတ်တာက လက်သည်းကို ကြည်စေတဲ့အပြင် လက်သည်းနီ ဆိုးတာများလို့ လက်သည်းဝါတာကိုလည်း သက်သာစေပါတယ်။

လက်သည်းနီအရောင်တွေထဲကမှ မိန်းကလေးတိုင်းလိုလိုရဲ့ လက်နဲ့ လိုက်ဖက်တဲ့ အရောင်အများစုကတော့ အစိမ်းရောင် အနု၊ အပြာရောင် အနု၊ ပန်းရောင်အနု၊ ကြက်သွေးရောင်၊ ခရမ်းရောင်၊ အနီရောင်၊ အဖြူရောင်တို့ပဲ ဖြစ်ပါတယ်။

ကိုယ်ဝတ်တဲ့ အဝတ်အစားအလိုက် လက်သည်းနီအရောင်ကို ရွေးချယ်တာကလည်း အိုင်ဒီယာကောင်းပါပဲ။ ဒီတော့ အရောင်တစ်ရောင်တည်းကိုမှ ဘယ်လိုအရောင်တွေက သင်နဲ့ လိုက်ဖက်လဲ ဆက်ကြည့်လိုက်ရအောင်နော်။

Photo Source: Pinterest

By MyStyle Myanmar