အခုနောက်ပိုင်းမှာတော့ Festival ပွဲတွေဆို မိန်းကလေးတော်တော်များများလည်း သွားနေကြတာပါပဲ။ ဒီလိုသွားတဲ့အခါမှာ တချို့ကဆံပင်တွေကို Festival ပွဲနဲ့လိုက်ဖက်အောင် ပြင်လေ့ရှိကြပါတယ်။ ဒီလို Festival ပွဲတွေသွားတဲ့အခါမှာ ဆံပင်ပုံစံကိုသူများနဲ့မတူအောင်ပြင်သွားချင်တဲ့သူတွေအတွက် ဆံပင်ပုံစံအလန်းတွေကိုဖော်ပြပေးလိုက်ပါတယ်။

ဆံပင်ကိုနှစ်ဖက်ခွဲပြီး အောက်ဖျားရှူးရှူးလေးဖြစ်အောင် ကျစ်ဆံမြီးကျစ်တာလေးကတော့ Festival ပွဲနဲ့အလိုက်ဖက်ဆုံး ဆံပင်ပုံစံလေးပါ။ ဆံပင်ရှည်တဲ့သူတွေနဲ့ဆို ပိုပြီးမိုက်မှာသေချာပါတယ်။ ဒီဆံပင်ပုံစံလေးက နိုင်ငံခြားသူလေးတွေ Festival ပွဲသွားရင် လုပ်နေကျဆံပင်ပုံစံလေးပါ။

ကျစ်ဆံမြီးကို ဒီဇိုင်းဆန်းဆန်းလေးဖြစ်အောင်လည်း ကျစ်လို့ရပါသေးတယ်။ ဒီကျစ်ဆံမြီးပုံလေးဆိုရင် ကျစ်တဲ့သူမရှိသလောက်ပါပဲ။ ဒါကြောင့် အသစ်အဆန်းလေးလည်းဖြစ်တဲ့အပြင် Festival ပွဲနဲ့လည်းလိုက်ဖက်တာလေးဖြစ်လို့ ပျိုမေတို့အနေနဲ့ ရွေးချယ်လို့အကောင်းဆုံး ဆံပင်ပုံစံလေးပါ။

ဒီကျစ်ဆံမြီးဒီဇိုင်းလေးကတော့ အရမ်းလှပတဲ့ပုံစံလေးဖြစ်တဲ့အပြင် ကျစ်ရတာလည်း တော်တော်လေးခက်ခဲပါတယ်။ ကျစ်တတ်တဲ့သူတွေဆိုရင်တော့ Festival ပွဲသွားရင် ဒီလိုလေးသာကျစ်သွားလိုက်ပါ။ နောက်ကျောလေးကို အသားပေးရိုက်ရင်တော့ တော်တော်လှမှာသေချာပါတယ်။

Festival ပွဲနဲ့အလိုက်ဖက်ဆုံးဖြစ်တဲ့အပြင် လုပ်တဲ့သူလည်းများတဲ့ ဆံပင်ပုံစံလေးပါ။ ဆံထုံးလေးတွေထုံးထားတဲ့အပြင် ကျစ်ဆံမြီးကျစ်ထားပြီး အရောင်လေးတွေပါဆိုးထားတယ်ဆိုတော့ အရမ်းကိုလန်ထွက်မိမိုက်နေမယ့် ဆံပင်ပုံစံလေးတွေပါနော်။

သင့်အနေနဲ့လည်း Festival ပွဲအတွက် ဒီလိုအမိုက်စား လန်ထွက်နေတဲ့ ဆံပင်စတိုင်လ်လေးတွေကို ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်နော်။

Photo Source: Pinterest