Olivia ရဲ့ သီချင်းသံတွေကို ကြားလိုက်ပြီ ဆိုတာနဲ့ အဆွေးဓာတ်ရှိသူဆိုရင် ဆွေးပြီးရင်း ဆွေးပါပဲ။ ဒီလိုပဲ မြူးမြူးကြွကြွနဲ့ Olivia ရဲ့ သီချင်းအချို့ ကို နားထောင်လိုက်တော့လည်း စိတ်က ပြန်မြူးသွားတတ်ပါတယ်။ Olivia Rodrigo က စထွက်ချင်း သီချင်းမှာပဲ လူကြိုက်များပြီး Music Chart တွေမှာ ထိပ်ဆုံးကနေ ရပ်တည်နေနိုင်သူတစ်ယောက် ဖြစ်ပါတယ်။ သူမက အသံကောင်းတဲ့အပြင် ချစ်ဖို့လည်းကောင်းပါတယ်။ လူငယ်မိန်းကလေးတွေ အားကျရတဲ့ ပိန်ပိန်ပါးပါးနဲ့ Body နဲ့ အသွင်အပြင်ကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ Olivia Rodrigo ရဲ့ ပေါ့ပါးပြီး ခပ်မိုက်မိုက် ဖက်ရှင်တွေကို ကြည့်လိုက်ရအောင်နော်-
Photo Source: Pinterest
By MyStyle Myanmar