မင်္ဂလာပါ ပျိုမေတို့ရေ။ ကိုယ့်ဝတ်မယ့် Outfit တွေဆိုရင် အရောင်တောက်တာထက် ခပ်မှိုင်းမှိုင်းနဲ့ အမြင်အေးတာလေးတွေမှ ရွေးဝတ်တတ်တဲ့သူတွေရှိလား။ ဒါဆိုရင်တော့ အခုဆောင်းပါးမှာဖော်ပြပေးမယ့် Olive အရောင်ဖက်ရှင်တွေက ပျိုမေတို့အကြိုက်ပါပဲနော်။


Olive ကာလာလို့ခေါ်တဲ့ အစိမ်းကိုမှ ခပ်ဆွေးဆွေးမြင်ရတဲ့ အရောင်ရင့်လေးက အခုနောက်ပိုင်း မိန်းကလေးတွေကြား Outfit ကာလာအနေနဲ့ ဝတ်လာကြသလို ကြည့်လိုက်တာနဲ့ ကျော့ရှင်းသပ်ရပ်တဲ့ Vibe မျိုးရစေမယ့် အရောင်ဆန်းလေးပါ။ မျက်စိအေးပြီး Elegant ဖြစ်တဲ့အရောင်လေးမို့ အသားဆောင်တဲ့အပြင် ဝတ်ပြီး ဓာတ်ပုံရိုက်လို့လည်း လှပါတယ်။


ဒါကြောင့်မို့ စိတ်ဝင်စားတဲ့ပျိုမေတို့အတွက် Olive ကာလာနဲ့ ဖက်ရှင်အတွဲအစပ် ဝတ်နိုင်မယ့် Outfit Idea လေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ လက်ရှိ Trend ဖြစ်နေတဲ့ စတိုင်လေးတွေနဲ့ အသက်အရွယ်မရွေး လိုက်ဝတ်လို့ရတဲ့ ဖက်ရှင်ပုံစံလေးတွေ ဖြစ်တာမို့ စမ်းဝတ်ကြည့်ဖို့ မမေ့ပါနဲ့နော်။

Olive Blouse

Olive Shirt

Olive Jacket

Olive Tank Top

Olive Hoodie

Olive Cargo Skirt

Olive Cargo Pant

Olive Corduroy Jacket

Olive Dress

Olive Pants

Photo Source: Pinterest

By MyStyle Myanmar