မိန်းကလေးတစ်ယောက်က အလှအပဆိုင်ရာအတွက် ခန္ဓာကိုယ်မှာအရေးကြီးဆုံးကဘာလဲလိုပြောရင် ဆံပင်လို့ပြောလို့ရပါတယ်။ ဆံသားကအရမ်းခြောက်ရင်လည်း မကောင်းသလို၊ အဆီအရမ်းထွက်တဲ့ ဆံသားဆိုလည်းမကောင်းပါဘူးနော်။ ဆံသားအဆီထွက်တာကို ကုသဖို့အတွက်ရော နည်းလမ်းလေးတွေရှိရဲ့လား။ နေ့တိုင်းဂရုစိုက်ဖို့မလိုအပ်သလို ဒီအချက်လေးတွေကို ပြုလုပ်ပေးရင်တောင် ဆံသားအဆီထွက်များတာကို ကုသပေးနိုင်ပါတယ်နော်။

Shampoo ကိုအထူးဂရုစိုက်ပါ


Photo Source- The Mirror

ခေါင်းလျှော်ရည်ကို တစ်ချို့သူတွေကစျေးကွက်ထဲမှာကောင်းတာ၊ တွေ့တဲ့ဟာမျိုးကိုရွေးသုံးတတ်ကြပါတယ်။ တကယ်က ကိုယ်ရဲ့ဦးရေပြား၊ဆံသားက အဆီပြန်တာလား ခြောက်တာလားဆိုတာသိဖို့လိုအပ်ပါတယ်။ ဒီလိုမှလည်း ကိုယ်ဆံသားနဲ့ ကိုက်ညီတာ Shampoo မျိုးကိုသုံးပေးသင့်ပါတယ်။

အားဖြည့်အစားအသောက်

Photo Source- Style.com

ဆံပင်ကျွတ်တာ၊ ဆံပင်အဆီပြန်တာလည်းကာကွယ်ပေးရာရောက်သလို ခန္ဓာကိုယ်အတွက်လည်း အားဖြစ်စေတဲ့အစားအသောက်များဖြစ်တဲ့ ကြက်သား၊ငါး၊ဒိန်ချဥ်စသည်ဖြင့် ပရိုတိန်းဓာတ်ပြည့်၀တဲ့အစားစားတွေကို စားပေးလို့ရပါတယ်။

ဆံပင်ကိုခဏခဏမထိပါနဲ့

Photo Source- www.self.com

ဒီအချက်လေးက မသိမသာနဲ့အမြဲလုပ်မိနေတဲ့အချက်လေးလို့ ပြောလို့ရပါတယ်။ ကြီးကြီးမားမားမဟုတ်သော်လည်း လက်ချောင်းထိပ်ကအဆီတွေနဲ့ မျက်နှာပြင်ကအဆီတွေက ဆံပင်ကို ထိလိုက်ခြင်းအားဖြင့် အလွယ်တကူ ကူးသွားနိုင်ပါတယ်။