သံလွင်ဆီ ဟာ အသားအရေကို အစိုဓာတ်ထိန်းပေးတဲ့အပြင် အသားအရေရောင်ရမ်းခြင်း၊ ဝက်ခြံနဲ့ အမဲစက်များကို ဖယ်ရှားပေးတဲ့အပြင် အရေပြားကင်ဆာမဖြစ်ပွားအောင်လည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

သင့်အနေနဲ့ ခြောက်သွေ့တဲ့ သင့်အသားအရေကို ကြည့်ပြီး စိတ်ညစ်နေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းများကို အသုံးပြုနိုင်ပါတယ်။

အသားအရေ အစိုဓာတ်ရရှိဖို့အတွက်

သဘာဝသံလွင်ဆီစစ်စစ် စားပွဲတင်ဇွန်း ၁ ဇွန်းကို ရေချိုးပြီးတဲ့အချိန်မှာ အသားအရေပေါ် လိမ်းကျံပေးထားလိုက်ပါ။ မျက်နှာပေါ်လည်း လိမ်းကျံနိုင်ပါတယ်။ ၁၅ မိနစ်ခန့် စောင့်ဆိုင်းပြီးနောက်မှာတော့ ကြက်သီးနွေး ရေနွေးလေးနဲ့ ဆေးချလိုက်လို့ရပါပြီ။

အသားအရေကို နူးညံ့ချောမွတ်စေဖို့အတွက်

ဒိန်ချဉ် စားပွဲတင်ဇွန်း ၃ ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း ၄ ဇွန်းနှင့် သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။ ပါဝင်ပစ္စည်းများကို သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် မျက်နှာပေါ်တွင် သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၂၀ ခန့်ကြာမှ ကြက်သီးနွေးရေနွေးဖြင့် မျက်နှာသစ်လိုက်ပါ။

ဒီနည်းလမ်းကို တစ်ပတ်လျှင် တစ်ကြိမ်ခန့် အသုံးပြုပေးမယ်ဆိုရင်တော့ တစ်လကြာတဲ့အခါ သင့်အသားအရေက နူးညံ့ချောမွတ်လာတာကို တွေ့မြင်ရပါလိမ့်မယ်။

ပျက်စီးကြမ်းတမ်းနေတဲ့ ဆံကေသာပိုင်ရှင်များအတွက်

သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း (မိမိဆံကေသာ အတိုအရှည်၊ အထူအပါးပေါ် မူတည်ပြီး လိုတိုးပိုလျော့ ပြုလုပ်နိုင်ပါတယ်)၊ ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ကြက်ဥအနှစ် ၁ လုံးတို့ လိုအပ်ပါလိမ့်မယ်။

ပါဝင်ပစ္စည်းများကို သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် ဆံကေသာပေါ်တွင် သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၂၀ ခန့်ကြာတဲ့နောက်မှာတော့ လျှော်နေကျခေါင်းလျှော်ရည်နဲ့ လျှော်ပေးနိုင်ပါတယ်။ ခေါင်းလျှော်တဲ့အခါမှာတော့ ကြက်သီးနွေး ရေနွေးနဲ့ပဲ လျှော်ရမှာဖြစ်ပါတယ်။ ပြီးရင်တော့ Conditioner ထပ်မံအသုံးပြုနိုင်ပါတယ်။