ကြက်ဆူဆီ (Castor Oil) အသားအရေနဲ့ အမွေးအမျှင်တွေအတွက်အထူးကောင်းမွန်ပါတယ်။ ဆံပင်ကျွတ်တဲ့သူတွေ ဆံသားပါးတဲ့သူတွေ မျက်ခုံးမွေး မျက်တောင်မွေးပါးတဲ့သူတွေဟာ ကြက်ဆူဆီကို သုံးပေးသင့်ပါတယ်။

ကြက်ဆူဆီကို ပုံမှန်လိမ်းပေးလို့ ၃ လကြာရင် တကယ်ပဲရလဒ်ကောင်းတွေရလာမှာဆိုတော့ စာဖတ်သူတို့ လိုက်လုပ်နိုင်ဖို့ မျှဝေလိုက်တယ်နော်။
ဘာထူးလဲ

ကြက်ဆူဆီဟာ မှိုနဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်ပါတယ်။ ဒါ့ကြောင့် ဆံပင်ကျွတ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးမှာမို့ ဆံပင်ကျွတ်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ကြက်ဆူဆီမှာ Omega-9 Fatty အက်ဆစ်တွေပါဝင်ပြီး ဆံသား၊ ဆံပင်ပေါက်တဲ့အပေါက်တွေနဲ့ ဦးရေပြားကို အာဟာရဖြစ်စေပါတယ်။

ဆံကေသာ

ကြက်ဆူဆီနှစ်စက်လောက်ကို လက်ပေါ်မှာတင်ပြီး ပွတ်ပေးကာ ဆံပင်ပေါ်မှာလိမ်းပေးပါ။ အများကြီးမလိမ်းပါနဲ့ အဆီပြန်မှာစိုးလို့ပါ။

ဒါမှမဟုတ်ရင်လည်း ခေါင်းမလျှော်ခင် ကြက်ဆူဆီကို ဦးရေပြားနဲ့ ဆံပင်တွေပေါ်မှာ မိနစ်၂၀ နာရီဝက်လောက် လိမ်းပေးထားပြီး ခေါင်းလျှော်ချပါ။

သန့်စင်တဲ့ ကြက်ဆူဆီက ဆံသားတွေကို သန်မာစေပါတယ်။

မျက်ခုံးမွေး

မျက်ခုံးမွေးအတွက်ဆိုရင်လည်း ကြက်ဆူဆီအနည်းငယ်ကို ညင်သာစွာပွတ်လိမ်းပေးပါ။ နားဂျက်တံနဲ့ ပွတ်လိမ်းပေးရင်လည်းရပါတယ်။

မျက်တောင်မွေး

မျက်တောင်မွေးအတွက်ဆိုရင်တော့ ကိုယ်အမြဲဆိုးနေတဲ့ Mascara အစား ကြက်ဆူဆီကို ဆိုးပေးရမှာပါ။

Mascara ဘူးခွံအလွတ်ထဲကို ကြက်ဆူဆီထည့်ပြီး မျက်တောင်မွေးပေါ်မှာ သေချာလိမ်းပေးပါ။

သိသာတဲ့ရလဒ်တွေရရှိလာပါလိမ့်မယ်။