အသက် ၃၀ ဝန်းကျင်၊ ၄၀ ဝန်းကျင် အမျိုးသမီးများအတွက် တည်ငြိမ်မှုရှိပြီး စတိုင်လ်ကျလှပနေစေမယ့် ရုံးတက်ဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်။ ဖက်ရှင်ကျကျဝတ်ရတာမျိုးကို ကြိုက်တယ်ဆိုရင် ဒီဖက်ရှင်လေးတွေကိုလည်း သဘောကျမှာ သေချာပါတယ်။

ဒီဖက်ရှင်လေးဆိုရင် လုံခြုံမှုရှိပြီး ရှင်းရှင်းလေးနဲ့ တည်ငြိမ်မှုရှိပြီး စတိုင်လ်ကျလှပနေတာပါ။ ရုံးတက်ဖက်ရှင်အနေနဲ့လည်း အရမ်းလိုက်ဖက်ပါတယ်။

မိန်းကလေးဆန်ဆန်လေး ဝတ်ချင်တဲ့အခါမှာတော့ ဒီလိုစကပ်အရှည်ဖက်ရှင်လေးကို ရွေးချယ်ပါ။ စကပ်အရှည်အကားလေးတွေ ဝတ်တဲ့အခါ ရုံးတက်အတွက်ဆိုရင် ရှပ်အင်္ကျီနဲ့တွဲဝတ်တာ၊ မိန်းကလေးဆန်တဲ့ လက်ရှည်အင်္ကျီလေးတွေနဲ့ တွဲဝတ်တာက ပိုလိုက်ဖက်ပြီး တည်ငြိမ်မှုှရှိရှိနဲ့ လှပနေစေပါတယ်။

ရုံးတက်ဖက်ရှင်အနေနဲ့ လုံးဝကို စမတ်ကျပြီး စတိုင်လ်ကျလှပနေစေမယ့် ဖက်ရှင်လေးပါပဲ။ တည်ငြိမ်တဲ့ပုံစံလေးဆိုရင် အရောင်ကိုငြိမ်တာလေးတွေ ရွေးဝတ်ပါ။

နောက်ထပ် စတိုင်လ်ကျလှပပြီး တည်ငြိမ်မှုရှိစေမယ့် ကုတ်ဖက်ရှင်လေးပါ။ ရုံးတက်အတွက်လည်း အလိုက်ဖက်ဆုံးပါပဲ။

ဂျင်းဘောင်းဘီဝတ်မယ်ဆိုရင် ဒီလိုဖက်ရှင်လေးက ရှင်းရှင်းလေးနဲ့ တည်ငြိမ်မှုရှိပြီး အရမ်းလှပါတယ်။ ဘယ်တော့မှရိုးမသွားမယ့် ဖက်ရှင်လေးပါ။

အေးတဲ့အချိန်အခါမျိုးမှာဆိုရင် ဒီလိုဖက်ရှင်လေးကိုဝတ်ကြည့်နော်။ ကိုရီးယားဆန်ပြီးလှတာပေါ့။

ရုံးတက်အတွက် အရမ်းလိုက်ဖက်ပြီး တည်ငြိမ်မှုရှိကာ လှပကျော့ရှင်းနေစေမယ့် ဖက်ရှင်လေးပဲ ဖြစ်ပါတယ်။

ဒီဖက်ရှင်လေးကျတော့ စတိုင်လ်ကျပြီး လှပနေစေမယ့် ဖက်ရှင်လေးပါ။ ရုံးတက်အတွက်လည်း လိုက်ဖက်နေတာပါပဲ။

ရုံးတက်ဖက်ရှင်ကို ဂါဝန်လေးဝတ်မယ်ဆိုရင် ဒီလိုဖက်ရှင်လေးတွေကက တည်ငြိမ်မှုရှိပြီး အရမ်းလှပါတယ်။ ရုံးတက်အတွက်လည်း လိုက်ဖက်ပါတယ်။

Photo source:www.pinterest.com