မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ မိန်းကလေးတွေကြားမှာ ရေပန်းစားလာတဲ့ ဖက်ရှင်တစ်မျိုးကတော့ Off the Shoulder အင်္ကျီလေးတွေပါ။ ဒီအင်္ကျီတွေက မိန်းကလေးတိုင်းကို ချစ်စရာကောင်းစေပြီး ဓာတ်ပုံရိုက်ရင်လည်း အမြဲစတိုင်ကျနေမယ့် အင်္ကျီမျိုးပါ။ မိန်းကလေးအများစုက စကပ်တို ဂါဝန် အင်္ကျီအကျပ်ဝတ်တာထက် ပေါ့ပေါ့ပါးပါးဖြစ်တဲ့ တီရှပ်လေးတွေ Hoodie တွေကိုပဲ အလွယ်ဝတ်တတ်ကြပါတယ်။

တကယ်လည်း အင်္ကျီအကျပ်တွေကမိန်းကလေးတွေကို ဆွဲဆောင်မှုပိုရှိစေပေမယ့် သက်တောင့်သက်သာ မရှိလှပါဘူး။ Off The Shoulder အင်္ကျီကတော့ဝတ်ရတာပေါ့ပါးပြီး သင့်ကို မိန်းကလေးပိုဆန်စေပါတယ်။

ဒါကြောင့် မိန်းကလေးဆန်ဆန်ဖက်ရှင် Try ကြည့်ချင်တဲ့ ကောင်မလေးတွေအတွက် Off The Shoulder ဖက်ရှင်ပုံစံတွေကို ဖော်ပြပေးလိုက်ပါတယ်။ သတိထားရမှာက Off Shoulder က ရင်ဟိုက်ဖြစ်တာမို့ အတွင်းခံကိုတော့ သတိထားပြီး ဝတ်ရပါမယ်။ Strapless Bra ကတော့ အသင့်တော်ဆုံးပါ။

1. Off Shoulder ကို အရောင်မျိုးစုံပြောင်းဝတ်နိုင်ပါတယ်

2. ဂါဝန်အရှည်ပုံစံလည်း ဝတ်နိုင်ပါတယ်

3. အနက်ရောင် Crazy တွေအတွက်

4. ကွက်ကျားဖက်ရှင်

5. Floral print လေး

6. ဆွယ်တာပုံစံ

7. အတိုသဘောကျတဲ့ မိန်းကလေးတွေအတွက်

Source: Pinterest

By MyStyle Myanmar